သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ဆူမတ်တြားကျွန်းကမ်းလွန်မှာ အင်အားပြင်းငလျင်လှုပ်


ပြင်းအား ၇.၃ ရှိတဲ့ ငလျင်လှုပ်ရာ အင်ဒိုနီးရှားကမ်းလွန် (ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၁။)
ပြင်းအား ၇.၃ ရှိတဲ့ ငလျင်လှုပ်ရာ အင်ဒိုနီးရှားကမ်းလွန် (ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၁။)

ဒီကနေ့ အင်ဒိုနီးရှား အနောက်ဘက်ခြမ်း ဒေသစံတော်ချိန် မနက် ၁ နာရီ ၃၈ မိနစ် အချိန်မှာ ဆူမတ်တြားကျွန်းပေါ်က ဘန်ဒါအာချေးကမ်းခြေရဲ့ ပင်လယ်ပြင် မြောက်ဘက် ၂၅၄ မိုင်အကွာ ရေအောက် ၁၇ မိုင် အနက်ကို ဗဟိုပြုပြီးတော့ ပြင်းအား ၇.၃ မဂ္ဂနီကျုဒ် ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွား ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှား မြေငလျင်တိုင်းထွာရေးဌာရဲ့ ပြင်းအား ၇ မဂ္ဂနီကျုဒ် ကျော်ရင် ဆူနာမီရေလှိုင်း သတိပေးချက်ထုတ်ပြန်မှုရတဲ့ အစီအစဉ်အရ ဒီသတိပေးချက်ကို အစောပိုင်းမှာ ကြေညာခဲ့တာကြောင့် ဒေသခံတွေ ကုန်းမြင့်တွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။

အမေရိကန် ပစိဖိတ် ဆူနာမီစောင့်ကြည့်ရေးဌာနကတော့ အကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဆူနာမီရေလှိုင်းတွေ တက်လာခြင်းမျိုး လုံး၀ မဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို အင်ဒိုနီးရှား အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာလည်း ခံစားခဲ့ကြရပါတယ်။

XS
SM
MD
LG