သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး


ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး
ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး

အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့် နျူကလီယားအစီအစဉ်မှာ သိပ္ပံပညာရှင်အဖြစ် လုပ်ကိုင်နေသူ တက္ကသိုလ်ပါမောက္ခတဦး သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းတွေက ဖော်ပြလိုက်ပါတယ်။

မော်တော်ဆိုင်ကယ်စီးလာသူတယောက်က သိပ္ပံပညာရှင် Mostafa Ahmadi Roshan ရဲ့ကားအောက်မှာ ဗုံးထောင်ခဲ့တာလို့ Fars သတင်း အေဂျင်စီကဖေါ်ပြလိုက်တာပါ။

တဟီရန်မြို့မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့က အဲဒီဗုံးပေါက်ကွဲမှုကြောင့် တခြားလူ ၂ ယောက် လည်း ဒဏ်ရာရ ရှိခဲ့တယ်လို့ ဆိုပါ တယ်။ သိပ္ပံပညာရှင် Roshan ဟာ Natanz နျူကလီးယား ဓာတ်ပေါင်းဖိုက ဌာနတခုကို ကြီးကြပ်ကွပ်ကဲ သူဖြစ်ပါတယ်။ အီရန်နိုင်ငံက မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာ အဆင့်နိမ့်ယူရေနီယမ် သန့်စင်ရေးတွေ လုပ်ဆောင်နေတာပါ။

မြေအောက် နျူကလီယားဓာတ်ပေါင်းဖို အသစ်ကနေ ယူရေနီယမ်သန့်စင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ အီရန် တာဝန်ရှိသူတွေက အင်္ဂါနေ့က အတည်ပြုပြီးဖြစ်ပါတယ်။ အဲဒီဓာတ်ပေါင်းဖိုက သန့်စင်တဲ့ ယူရေနီယမ်ဟာ ပိုပြီးအဆင့်မြင့်တယ်လို့ IAEA နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီနဲ့ နီးစပ်တဲ့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အီရန်နျူကလီးယားသိပ္ပံပညာရှင်တွေကို အလားတူ တိုက်ခိုက် ခဲ့တာကြောင့် သေဆုံးခဲ့ရသလို ဒဏ်ရာရခဲ့သူတွေလည်းရှိပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းတုန်းကလည်း မော်တော်ဆိုင်ကယ်စီး တိုက်ခိုက်ရေးသမားတွေက သိပ္ပံပညာရှင်တွေရဲ့ကားတွေအောက်မှာ ဗုံးထောင်ခဲ့ကြတယ်လို့ အီရန်နိုင်ငံပိုင် သတင်းတွေကဖော်ပြလိုက်ပါတယ်။

အီရန်တာဝန်ရှိသူတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ CIA အမေရိကန်ထောက်လှမ်းရေးအေဂျင်စီနဲ့ Mossad အစ္စရေးထောက်လှမ်းရေး အေဂျင်စီတို့ရဲ့ လက်ချက်ပဲလို့ အပြစ်တင်နေကြပါတယ်။

XS
SM
MD
LG