သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်
အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာနိုင်ငံကိုသွားဖို့ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက်တာပါ။

ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေ လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်ဆံရေးတွေ တိုးမြှင့်လာရာက နိုင်ငံတကာ သံတမန်တွေ မြန်မာနိုင်ငံတွင်း ဆက်တိုက်ဆိုသလို သွားရောက်နေတဲ့အထဲ အထက်လွှတ်တော်အမတ် McConnell ကိုလည်း နောက်ဆုံးအဖြစ်နဲ့ တွေ့ရတာပါ။

ဒီတပတ်ထဲမှာပဲ ဒီမိုကရက်ပါတီ အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ Joseph Crowley လည်း မြန်မာနိုင်ငံကို သွားရောက်ပြီး ကြာသပတေးနေ့မှာတော့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် Derek Mitchell လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး Luis CdeBaca တို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG