သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ အိုမင်မှာ သောင်တင်


ယီမင်သမ္မတ အိုမင်မှာ သောင်တင်
ယီမင်သမ္မတ အိုမင်မှာ သောင်တင်

ယီမင်သမ္မတ အလီ၊ အဗ္ဗဒူလာ ဆာလေး-ဟာ အခုထိ ပါရှားပင်လယ်ကွေ့က အိုမန်နိုင်ငံထဲမှာ ရှိနေပြီး သူ့အစီအစဉ်ဖြစ်တဲ့ ဆေးကုဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ဘယ်အချိန်မှာ သွားရောက်မယ်ဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မစ္စတာဆာလေး ဘယ်တော့ ရောက်မယ်ဆိုတာ ဘာသတင်းမှ မရသေးဘူးလို့ ဝါရှင်တန်မှာရှိတဲ့ ယီမင် သံရုံးအရာရှိ မိုဟာမက် အယ်လ်ဘားရှားက ကြာသာပတေးနေ့မှာ ဗွီအိုအေကို ပြောပါတယ်။ သမ္မတ ဆာလေး မိသားစုဟာ နယူးယောက်ကိုလာဖို့ လေယာဉ်ပျံ ရှာနေတယ် ဆိုတဲ့ ဝေါလ်စထရိ ဂျာနယ်ရဲ့ ရေးသားချက်ကိုတော့ သူက မှန်မမှန်ဖြေဖို့ ငြင်းဆိုပါတယ်။

မစ္စတာဆာလေးရဲ့ ဘိုးရင်း ၇၂၇ လေယာဉ်ဟာ သိပ်ဟောင်းနွမ်းနေပြီ ဖြစ်တာမို့ ဆင်းသက်ဖို့အတွက် အမေရိကန်လေဆိပ်တွေက လက်မခံဘူးလို့ သတင်းက ဆိုပါတယ်။ သမ္မတဟာ ယီမင်မြို့တော်၊ ဆာနားကနေ တနင်္ဂနွေနေ့က အိမ်နီးချင်း အိုမန်နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ အိုမဲန်ဟာ နယူးယောက်မသွားခင် သူ ခရီးတထောက် နားမယ့် နေရာပါ။

မစ္စတာဆာလေးဟာ အိုမဲန်မှာ ရာသက်ပန် နိုင်ငံရေးခိုလှုံဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဝေါလ်စထရိ ဂျာနယ်ရဲ့ အိုမဲန်သံတမန်တွေနဲ့ မစ္စတာဆာလေးရဲ့ ဝန်ထမ်းတွေကို ကိုးကား ရေးသားချက်ကိုတော့ အယ်လ်ဘာရှားက ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ အမေရိကန်အစိုးရကတော့ မစ္စတာဆာလေး အမေရိကန်နိုင်ငံကို ဆေးကုဖို့ လာရောက်တာကိုသာ ခွင့်ပြုခဲ့တာဖြစ်ပြီး သတ်မှတ်ချိန်အထိပဲ နေခွင့်ရှိတယ်လို့ ဆိုပါတယ်။

မနှစ်က ဂျွန်လထဲ သမ္မတနေအိမ်ဝန်းမှာ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မစ္စတာဆာလေး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လအတော်ကြာ ဆေးဝါးကုသမှုကို ခံယူခဲ့ရပါတယ်။

XS
SM
MD
LG