သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ


ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ
ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဘူးဆိုပြီး အတိုင်ကြားထားတာကို တိုင်းဒေသကြီးကော်မရှင်ရုံးက ဒီကနေ့ အမိန့်ချပြီး ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံဆက်ပြောပြပေးမှာပါရှင်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိဘူး ဆိုပြီး တိုင်းဒေသကြီးကော်မရှင်ရုံးကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက အယူခံ ဝင် ကန့်ကွက်ထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့နေ့လယ်မှုာ တိုင်းဒေသကြီးကော်မရှင်ရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်၊

အခုလိုမျိုး တိုင်းကော်မရှင်ရုံး က ကန့်ကွက်လွှာကို ပယ်ချအပြီး သက်ဆိုင်ရာ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုတဲ့ အမည်စာရင်းကဒ်ထားပြီလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်၊

“ခရိုင်ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း နို့တစ်စာ ကပ်ပြီးပါပြီ။ ဒီနေ့ နေ့ခင်း အမိန့်ကျတယ်။ တိုင်းကော်မရှင်က အမိန့်ကျတာ။ ပြီးတော့ ဥပဒေအရ ခရိုင်ကော်မရှင်က ကပ်တာ။ မခိုင်လုံလို့ ဘာညာဆိုတာ ဖော်ပြမထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုတယ်၊ ဒါပဲ။”

ဦးတင်ရီဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ကော့မှူးမဲဆန္ဒနယ်ထဲ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် သူလည်း ဖြစ်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ငွေကြေးထားရှိတယ် ၊ အင်္ဂလန် နိုင်ငံရဲ့ နေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူ ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း တဦးရဲ့ အရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ဖေဖော်ဝါရီလ ၆ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဦးတင်ရီက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပယ်ချအပြီး ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံ ဆက်ဝင်ခဲ့ပါတယ်။ မနေ့ကတော့ ဒီကန့်ကွက်မှုကို NLD ပါတီဘက်က ချေပလွာ တင်အပြီး ဒီကနေ့ တိုင်းဒေသကြီးကော်မရှင်ရုံးက ပလပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ ကိုယ်စားလှယ်လောင်းတဦးကို ကန့်ကွက်တဲ့အဆင့်ရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း ။ “ဘယ်လိုကြောင့်လဲဆိုတာတော့ ကျနော်တို့ မပြောချင်ပါဘူး။ ဒီကန့်ကွက်လွှာကို ကြည့်ခြင်းအားဖြင့် အကြောင်းအရာတွေက မှားယွင်းနေတဲ့အပြင်ကို အထောက်အထားမဲ့ ကန့်ကွက်တဲ့ ကန့်ကွက်လွှာလို့ပဲ မြင်ပါတယ်။”

ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ထားပြီး ခုဆိုရင် ၄၇ နေရာအတည်ပြုချက်ထွက်နေပြီဖြစ်ပြီး စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်အတွက် NLD ရဲ့ကိုယ်စားလှယ်လောင်းအမည်စာရင်းတခုသာ အတည်ပြုချက် မထွက်သေးဘဲ ကျန်နေပါသေးတယ်။

ဦးဉာဏ်ဝင်း။ “ဦးစောလှိုင်ပဲ အင်းတော်မဲဆန္ဒနယ်မှာ ကျန်သေးတယ်၊ သူက အရည်အချင်းချို့ငဲ့ခြင်း ရှိမရှိ စိစစ်ဖို့ ပြည်သူ့ကော်မရှင်ကို ရောက်နေတယ်လို့ အဲလို နားလည်ပါတယ်။ အဲဒီက အဖြေဘယ်လိုရှိမယ်ဆိုတာ မသိသေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုဆိုရင် ကိုယ်စားလှယ်လောင်းအမည်အတည်ပြုချက်စာရင်း ထွက်လာပြီမို့ သူဝင်ရောက် ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ်ကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးအဖြစ် တခေါက်သွားဖို့ စီစဉ်ထားတယ် လို့လည်း NLD ပါတီက ပြောပါတယ်၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၁ရက်နေ့မှာတော့ ရှမ်းပြည်နယ် နဲ့၊ မတ်လ ၃ရက်နေ့ကနေ ၅ ရက်နေ့ထိကိုတော့ မန္တလေးတိုင်း စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တွေကို လည်း ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ စည်းရုံးရေးတွေ အဖြစ်သွားဖို့ ရှိပါတယ်။

XS
SM
MD
LG