အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ စင်္ကာပူနိုင်ငံမှာ ဇန်န၀ါရီလ ၂၁ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ပြပွဲနဲ့ အနုပညာဟောပြောပွဲအကြောင်းကို နားဆင်ရမှာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်း ရုပ်ရှင်ဒါရိုက် တာမောင်သူရ (ခေါ် )လူရွှင်တော်ဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့က စင်္ကာပူရောက်မြန်မာတွေကို ရုန်းကန်ရှင်သန်နေသော အလှတရားဆိုတဲ့ ခေါင်းစဉ်နဲ့ဟော ပြောတင်ဆက်ခဲ့ကြတာပါ။ ဒီပွဲကို ပရိတ်သတ် တထောင်ကျော် အားပေးခဲ့ကြပါတယ်။ ဒီပွဲရဲ့ အခြေအနေတွေကို သိနိုင်အောင် စင်္ကာပူနိုင်ငံရောက် လူရွှင်တော် ဇာဂနာကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စင်္ကာပူက အနုပညာဟောပြောပွဲ
- Kyaw Lwin
