သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မြေပေါ်တွင် အီရန်တိုက်ခိုက်နိုင်ခြေ ပိုတိုးလာ


အမေရိကန်မြေပေါ်တွင် အီရန်တိုက်ခိုက်နိုင်ခြေ ပိုတိုးလာ
အမေရိကန်မြေပေါ်တွင် အီရန်တိုက်ခိုက်နိုင်ခြေ ပိုတိုးလာ

အမေရိကန် မြေပေါ်မှာ အီရန် က တိုက်ခိုက်လာနိုင်ခြေ တိုးများလာနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီရဲ့ရှေ့မှောက်မှာ ကမ္ဘာတဝှမ်းက အမေရိကန် အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်မယ့် အခြေအနေကို အစစ်ခံရာမှာ အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper နှစ်စဉ် လုပ်နေကျ အကဲဖြတ်ချက်ကို တင်ပြသွားတာပါ။

ဆွေးနွေးချက်မှာ အီရန်က ထိပ်ဆုံးက ပါနေပါတယ်။

အမေရိကန်က အီရန်ကို ခြိမ်းခြောက်လာတယ်လို့ အီရန်က ယူဆရင် အမေရိကန်ကို တိုက်ခိုက်ဖို့ အီရန်ခေါင်းဆောင်တွေအနေနဲ့ ခုအခါမှာ ပိုပြီး ဆန္ဒရှိလာနေတယ်လို့ Clapper က ပြောပါတယ်။
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီးကို အီရန်လူမျိုး ၂ ယောက်က လုပ်ကြံဖို့ ကြိုးစားရာမှာ အီရန်အစိုးရရဲ့ လက်ရာပါဝင်နေတယ်လို့ အမေရိကန် တရားရေးဌာနက အောက်တိုဘာလတုန်းက စွပ်စွဲခဲ့ပါတယ်။

အီရန်ခေါင်းဆောင်ပိုင်းဟာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မယ့် လမ်းကို ဖွင့်ထားဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီအချိန်မှာပဲ စက်ချွတ်ယွင်းသွားတဲ့ အီရန် ငါးဖမ်းသင်္ဘောတစ်စင်းက သင်္ဘောသားတွေကို ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန်လေတပ်က ကူညီလိုက်ကြပါတယ်။

အမေရိကန်ရေတပ် သဘောၤ USS Abraham Lincoln က ငါးဖမ်း သဘောၤသား ၉ ယောက်ပါတဲ့ လှေ အင်ဂျင် ပျက်နေတာကို ပြန်လည် ပြုပြင်ပေးလိုက်တဲ့အတွက် ငါးဖမ်းသင်္ဘောဟာ သူ့ခရီးသူ ဆက်သွားနိုင်ခဲ့ပါတယ်။

XS
SM
MD
LG