သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည်

စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည်
စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည်

ဗြိတိန်နိုင်ငံ မင်းသား ချားစ်က အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီးကျင်းပဖို့ စီစဉ်ထားပါတယ်။

မင်းသားဟာ ဝက်စ်မင်းစတာ ဘုရားကျောင်းက စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နံမယ် ပေးထားတဲ့နေရာမှာ ၁၈၇၀ ခုနှစ်က မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချမှာပါ။ အဲဒီနေရာမှာ သ့ူကို အခြား စာပေလောက က ထင်ရှားတဲ့ ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။

နံမယ်ကြီး သရုပ်ဆောင် မင်းသား ရတ်ဖ် ဖင်းနီး (Ralph Fiennes) ကတော့ သူရဲ့ စာတွေကို ဖတ်ပြမှာ ဖြစ်ပါတယ်။ ဒစ်ကင်းရဲ့ အထ္ထုပတ္တိရေးသူ ကလဲလ် တွမ်မလင် (Clair Tomalin) နဲ့ အတူ ဒစ်ကင်းရဲ့ အဆက်အနွယ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒစ်ကင်းကို ၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ ဗြိတိန်နိုင်ငံ တောင်ပိုင်းက ပို့စ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီမြို့မှာတော့ ဒီထက်ပိုကျယ်ပြန့်တဲ့ အခမ်းအနားတွေကို ကျင်းပမှာ ဖြစ်ပါတယ်။

ဘဝအစပိုင်းမှာ ပင်ပန်းဆင်းရဲ့တဲ့ ဘဝနဲ့ကြုံခဲ့ရတဲ့ ဒစ်ကင်းဟာ ဗစ်တိုးရီးယားခေတ် အင်္ဂလန်မှာ လူမှုပြုပြင်ပြောင်းလဲရေးတွေ ဖြစ်စေဖို့ စာတွေကနေ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။

သူ့ဝတ္ထုတွေဖြစ်တဲ့ Oliver Twist, Great Expectations နဲ့ A Tale of Two Cities တို့ကို ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသော လူတွေက ဖတ်ရှုကြပါတယ်။ ဆင်းရဲသားတွေနဲ့ အခွင့်အရေးတန်းတူ မရတဲ့ အောက်ခြေ လူတန်းစားတွေအကြောင်း ရေးဖွဲ့တဲ့ သူရဲ့ ဇာတ်လမ်းတွေထဲမှာ လူမှုရေး မညီမျှမှု တွေ၊ လောဘကြီး မှုတွေ၊ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပြီး ဒီ အခြေအနေ တွေကို ယနေ့တိုင် ဆက်လက်တွေ့နေရပါတယ်။

This item is part of
XS
SM
MD
LG