သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတလောင်းရွေးပွဲ Santorum ၃ ပြည်နယ်မှာ အနိုင်ရ


Republican သမ္မတလောင်းရွေးပွဲ Santorum ၃ ပြည်နယ်မှာ အနိုင်ရ

Minnesota, Missouri နဲ့ Colorado ပြည်နယ် ၃ ခုမှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ Republican သမ္မတလောင်း ပဏာမရွေးပွဲ တွေမှာ Rick Santorum က မဲအများဆုံးနဲ့ အနိုင်ရရှိသွားပါတယ်။

Rick Santorum က အမေရိကန်ပြည်ထောင်စုမှာ အစဉ်အလာ ထိန်းတဲ့ သမားရိုးကျဝါဒီဟာ ကောင်းကောင်း ရှင်သန်နေပါတယ်လို့ အင်္ဂါနေ့ညက အောင်ပွဲခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

Minnesota ပြည်နယ် Republican ပါတီဝင်တွေရဲ့ သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ Pennsylvania ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်း Rick Santorum က မဲအရေအတွက် ၄၅% နဲ့ အနိုင်ရခဲ့တာပါ။ အောက်လွှတ်တော် အမတ် Ron Paul ကတော့ ၂၇%၊ ထိပ်ဆုံးက တစ်ပြေးနေတဲ့ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ကတော့ ၁ရ% နဲ့ တတိယ လိုက်ခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Newt Gingrich ကတော့ ဒီပြည်နယ်မှာ ဝင်မပြိုင်ခဲ့ပါဘူး။

Missouri ပြည်နယ်မှာလည်း Rick Santorum က ၅၅%၊ Mitt Romney က ၂၅% နဲ့ ဒုတိယ၊ Ron Paul က ၁၂% နဲ့ တတိယ၊ Newt Gingrich က စတုထ္ထနေရာ ရရှိခဲ့ပါတယ်။ Colorado ပြည်နယ်မှာတော့ Santorum က ၄ဝ% ကျော်၊ Romney က ၃၅%နဲ့ Newt Gingrich က ၁၃% အသီးသီး ရရှိခဲ့ပါတယ်။

ပြည်နယ် ၃ ခုစလုံးမှာ အနိုင်ရခဲ့တဲ့ Rick Santorum က သူဟာ Mitt Romney နဲ့ ဒီမိုကရက် သမ္မတ အိုဘားမားတို့ထက်စာရင် အမေရိကန်တို့ရဲ့ တန်ဘိုးနဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့ တကယ့် Conservative တယောက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတအိုဘားမားကို ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် August အတွင်း ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမယ့် Republican ပါတီ ညီလာခံမှာ သမ္မတလောင်းတဦးအနေနဲ့ ကိုယ်စားလှယ် ၁,၁၄၄ ယောက်ရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG