သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူ


အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူ
အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူ

အမေရိကန်ပြည်ထောင်စုက စက်မှုဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒူးပွန့် (Dupont) ကုမ္ပဏီကြီးရဲ့ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ်အစိုးရပိုင် ပန်ဂန်း (Pangang) ကုမ္ပဏီအုပ်စုကြီးက မတရားသဖြင့် ခိုးယူခဲ့တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက စွပ်စွဲလိုက်ကြပြီး ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စ္စကို (San Francisco) မြို့က စီးပွားရေးလျှို့ဝှက်ချက်နဲ့ ရာဇဝတ်ကြောင်းစွဲဆိုမှုများဆိုင်ရာ အထူးတရားသူကြီးရဲ့ တရားရုံးမှာ Pangang ကုမ္မဏီကို တရားစွဲဆိုခဲ့ပါ တယ်။

အမေရိကန် ဒူးပွန့်ကုမ္ပဏီကြီးရဲ့ လက်အောက်ခံကုမ္ပဏီသုံးခု၊ အမေရိကန်နည်းပညာကုမ္ပဏီ (Performance Technology Inc.) နဲ့ ကယ်လီဖိုးနီးယား (California) ပြည်နယ်အခြေစိုက် အမေရိကန်အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီတစ်ခုကိုလည်း ဒီတရားရုံးမှာပဲ ဒူးပွန့်ကုမ္ပဏီကြီးက တရားစွဲဆိုခဲ့ပါတယ်။ တရုတ်အစိုးရပိုင် ပန်ဂန်းကုမ္မဏီနဲ့ လက်အောက်ခံတရုတ်ကုမ္မဏီတွေက အမေရိကန်နည်းပညာကုမ္ပဏီနဲ့ ကန်ထရိုက်ချုပ်ဆိုပြီး အမေရိကန် ဒူးပွန့်ကုမ္ပဏီက တီထွင် ထုတ်ထားတဲ့ စက္ကူသုတ်ဆေးနဲ့ ပလပ်စတစ်တွေမှာ အသုံးပြုတဲ့ အဖြူရောင် ဓာတုဗေဒ အရောင်ချွတ်ဆေးထုတ်လုပ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို ရယူခိုင်းခဲ့တဲ့ အမှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီအမှုမှာ လူပုဂ္ဂိုလ်တွေအဖြစ် အမေရိကန်နည်းပညာကုမ္ပဏီပိုင်ရှင် စင်္ကာပူနိုင်ငံဖွား အမေရိကန် နိုင်ငံသား ဝေါ်လတာ လျှူး (Walter Lieu)၊ ဇနီးဖြစ်သူ အမေရိကန်သူ ခရစ္စတီးနား (Christina) နဲ့ Dupont ကုမ္ပဏီကြီးရဲ့ အင်ဂျင်နီယာဟောင်းနှစ်ဦးတို့၊ တရားစွဲဆိုခံထားရပါတယ်။

XS
SM
MD
LG