သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်


စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်
စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်

ဗြိတိန်နိုင်ငံကနေခွဲထွက်ဖို့ စကော့တလန်က စိတ်ကူးနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တဲ့ အကြောင်း Edinburgh ကို အလည်အပတ် ရောက်သွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် (David Cameron) က ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအဖြစ် တစုတစည်းတည်းရှိနေစေဖို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က စကော့တလန်လွှတ်တော်မှာ ပြောလိုက်တာပါ။ စကော့တလန်အနေနဲ့ အင်္ဂလန်လိုပဲ ကိုယ့်ဖာသာ အုပ်ချုပ်ကောင်း အုပ်ချုပ်သွားနိုင်မှာဖြစ်ပေမဲ့ အတူတကွတည်ရှိတာက ပိုကောင်းမယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။

၂ဝ၁၆ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်မီ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလထဲ ခွဲထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲတရပ်ကျင်းပရေး တွန်းအားပေးနေတဲ့ စကော့တလန်က အမျိုးသားပါတီရဲ့ ခေါင်းဆောင် Alex Salmond နဲ့လည်း ဝန်ကြီးချုပ်ကင်မရွန်း ကြာသပတေးနေ့က တွေ့ဆုံခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ခွဲထွက်ရေးအစီအစဉ်ဟာ အန္တရာယ်များလှတဲ့ လုပ်ရပ်တခုအဖြစ် စကော့တလန် ဥပဒေပြုအမတ်တွေကို နားချနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စကော့တလန် အမျိုးသားပါတီခေါင်းဆောင် Salmond ကတော့ နှစ်ပေါင်း ၃ဝဝ ဗြိတိသျှ အုပ်ချုပ်မှုအောက်က အပြည့်အဝ လွတ်မြောက်လာမယ့် စကော့တလန်ဟာ လေအားလျှပ်စစ် ထုတ်လုပ်ရေးလို ပြန်လည် အစားထိုးနိုင်တဲ့ စွမ်းအင်ကဏ္ဍကတဆင့် ပိုပြီး သာယာဝပြောလာနိုင်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ် ကင်မရွန်း ကတော့ ဝေလနယ်၊ အင်္ဂလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ပါ ပါဝင်တဲ့ ဗြိတိန်နိုင်ငံထဲမှာ ဆက်ရှိနေတာကသာ စကော့တလန် အတွက်ပိုမို ကြွယ်ဝလုံခြုံမယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG