အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ မန္တလေးအငြိမ့်လောကရဲ့ နောက်ဆုံး အခြေအနေတွေကို နားဆင်ရမှာပါ။ မန္တလေးအငြိမ့်သဘင်ဟာ ၁၉၈၈ခုနှစ် နောက်ပိုင်းကစပြီး သိသိသာသာ ဆုတ်ယုတ်လာခဲ့တာ အခုချိန်မှာ အငြိမ့်လေးခုပဲ ကျန်တော့တဲ့အကြောင်း လမင်းတရာအငြိမ့်ရဲ့ ခေါင်းဆောင်မင်းသမီး ပန်တျာဌေး ဌေးမြင့်နဲ့ဆက်သွယ်မေးချက်ကို ပြီးခဲ့တဲ့ အပတ်က ထုတ်လွှင့်ခဲ့ပါတယ်။ မန္တလေးအငြိမ့်နေ၀င်ချိန်ကို ရောက်နေ တယ်ဆိုပေမဲ့လည်း အငြိမ့်သဘင်ပြန်ပြီး ဦးမော့လာဖို့ကိုတော့ ဆက်ပြီးမျှော်လင့်နေတုန်းပဲလို့ ပန်တျာဌေးဌေး မြင့်က ဆိုပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။
အငြိမ့်သဘင်နေ၀င်ချိန်
- Kyaw Lwin
