သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်


သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်

သြစတြေးလျနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ကေဗင်ရပ်ဒ် (Kevin Rudd) က သူ့ကို နုတ်ထွက်ခွင့် ပြုဖို့ စာတင်လိုက်ပါပြီ။ ဒါဟာ အစိုးရပါတီဖြစ်တဲ့ အလုပ်သမားပါတီအတွင်း ပြဿနာတွေ တက်နေတာမှာ နောက်ဆုံးဖြစ်လာခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

ဝန်ကြီးရပ်ဒ်ရဲ့ ဒီနေ့ဆုံးဖြတ်ချက်ကို မနေ့က အင်္ဂါနေ့မှာ ဝါရှင်တန်မြို့ကို တရားဝင်လာလည်စဉ် ကြေညာလိုက်တာပါ။ မစ္စတာရပ်ဒ်က သူ့အနေနဲ့ ဝန်ကြီးချုပ် ဂျူလီယာ၊ ဂေးလပ်ဒ် (Julia Gillard) ရဲ့ ထောက်ခံမှုမရရင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်တာဝန်ထမ်းလို့ မရတော့ဘူး၊ ဒါကြောင့် သိက္ခာရှိရှိလုပ်ဖို့ ကြံနေတာက အခုလို နုတ်ထွက်တာပဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

သြစတြေးလျ သတင်းမီဒီယာတွေကလည်း အရင် ၂၀၁၀ တုန်းက မစ္စတာရပ်ဒ်ကို ဝန်ကြီးချုပ်နေရာကနေ ဖယ်ပစ်ပြီး လက်ရှိဝန်ကြီးချုပ် ဂျူလီယာဂေးလပ်ကို အစားထိုးခဲ့သလို မကြာမီရက်ပိုင်းအတွင်းမှာလည်း သူ့ပါတီအတွင်းပိုင်းထဲကနေ အာဏာသိမ်းဖို့ ကြံစည်နေတာတွေ သတင်းထွက်နေခဲ့တယ်လို့ ဆိုထားပါတယ်။ ဝန်ကြီးချုပ် ဂေးလပ်ကို ထောက်ခံသူတွေဘက်က မစ္စတာရပ်ဒ်ကို ဝန်ကြီးနေရာကနေ ထုတ်ပစ်ဖို့ တောင်းဆိုလာနေခဲ့ကြပါတယ်။

မစ္စတာရပ်ဒ်က မစ္စက် ဂေးလပ်အနေနဲ့ ဒီ တောင်းဆိုချက်တွေကို ချေဖျက်ပေးဖို့ ပျက်ကွက်နေခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG