သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်သမ္မတလောင်းအတွက် မီချီဂန်မှာ အကြိတ်အနယ် ယှဉ်ပြိုင်


ရီပတ်ဘလီကန်သမ္မတလောင်းအတွက် မီချီဂန်မှာ အကြိတ်အနယ် ယှဉ်ပြိုင်
ရီပတ်ဘလီကန်သမ္မတလောင်းအတွက် မီချီဂန်မှာ အကြိတ်အနယ် ယှဉ်ပြိုင်

အမေရိကန်ပြည်ထောင်စုရဲ့ ရီပတ်ဘလီကင်ပါတီအတွင်း သမ္မတလောင်းရွေးချယ်ပွဲ ဆက်လက် ကျင်းပနေရာမှာ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Mitt Romney ရဲ့ ဇာတိမြို့လည်းဖြစ်ပြီး အရေးပါတဲ့ မဲဆန္ဒနယ်လည်းဖြစ်တဲ့ မီချီဂန် (Michigan) ပြည်နယ်မှာ အင်္ဂါနေ့က ယှဉ်ပြိုင်နေကြပါတယ်။

ဒီတကြိမ် သမ္မတလောင်းရွေးပွဲဟာ ဘယ်သူအနိုင်ရလိမ့်မယ်ဆိုတာကို ကြိုတင်နမိတ်ဖတ်လို့ မရနိုင်တဲ့ အခြေအနေပါ။ တချိန်က ရော်မနီဟာ မီချီဂန်ကို ဦးဆောင်တဲ့နေရာမှာ ရှိခဲ့တာပါ။ ရော်မနီရဲ့ အဖေဟာ မီချီဂန်မှာ လူသိများထင်ရှားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ရစ် ဆန်တိုရမ် (Rick Santorum) ကို အသေအလဲ ခုခံယှဉ်ပြိုင် နေရပါတယ်။

ပင်ဆဲလ်ဗေးနီးယားပြည်နယ်က အထက်လွှတ်တော်အမတ်ဟောင်းတဦး ဖြစ်ခဲ့သူ Mr. Santorum ဟာ အခုလစောစောပိုင်း ကော်လိုရာဒို၊ မဲန်နီဆိုတားနဲ့ မစ်ဇူရီ စတဲ့ ပြည်နယ် ၃ ပြည်နယ်မှာ ဆက်တိုက် အောင်ပွဲခံခဲ့သူဖြစ်ပါတယ်။

အရီဇိုးနားပြည်နယ်မှာလည်း မဲဆန္ဒရှင်တွေဟာ ရီပတ်ဘလစ်ကင်ပါတီအတွက် အင်္ဂါနေ့မှာ မဲပေးကြဖို့ ရှိပါတယ်။ နောက်ဆုံး ရီပတ်ဘလစ်ကင် ပါတီကနေ ရွေးချယ်လိုက်မယ့် သမ္မတလောင်းဟာ ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိသမ္မတ ဘရက်အိုဘားမားနဲ့ လာမယ့်နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကြီးမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးပိတ်ရရှိထားတဲ့ သဘောထားစစ်တမ်းတွေအရ မစ်ချီဂန်ပြည်နယ်အတွင်းက သမ္မတလောင်းရွေးပွဲမှာ Romney ကော Santorum တို့ ၂ ဦးစလုံး သူတင်ကိုယ်တင် ဖြစ်နေကြပြီး အရီဇိုးနားမှာတော့ Romney က သိသိသာသာ အသာရနေတယ်လို့ ကြိုတင် သဘောထား စစ်တမ်းတွေက ပြသနေပါတယ်။

မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Romney ဟာ ရှေးရိုးစွဲအယူအဆရှိသူတွေထံက မဲရဖို့ တော်တော်ခက်ခဲနေပါတယ်။ သူတို့ဟာ Santorum ကို ထောက်ခံနေကြတာဖြစ်ပါတယ်။

သမ္မတလောင်းတွေဖြစ်ကြတဲ့ တက္ကဆတ်ပြည်နယ်က Ron Paul နဲ့ လွှတ်တော် သဘာပတိဟောင်း Newt Gingrich တို့ကတော့ ယှဉ်ပြိုင်ရွေးချယ်ခံနေရာမှာ တောာ်တော် နောက်မှာ ပြတ်ကျန်ရစ်နေပါတယ်။

XS
SM
MD
LG