သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် NGO တွေ ခရီးသွားခွင့်ပိတ်ပင်မှု အီဂျစ်ရုပ်သိမ်း


အမေရိကန် NGO တွေ ခရီးသွားခွင့်ပိတ်ပင်မှု အီဂျစ်ရုပ်သိမ်း

အမေရိကန်နိုင်ငံသား ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ခရီးသွားလာခွင့် တားဆီးပိတ်ဆို့ထားတာကို အီဂျစ်အာဏာပိုင်တွေက ပြန်ပြီးတော့ ရုပ်သိမ်းလိုက်ပါတယ်။ တရားမဝင် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဆိုပြီးတော့ အီဂျစ်နိုင်ငံက ချမှတ်လိုက်တဲ့ ခရီးသွားခွင့် ပိတ်ပင်မှုဟာ အီဂျစ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေတဲ့အတွက် အခုလို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

တရားရင်ဆိုင်နေရတဲ့ အမေရိကန်လူမျိုး ၇ ယောက်ကို အီဂျစ်နိုင်ငံထဲက ထွက်သွားခွင့် ပေးလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က အီဂျစ် တရားရေးဆိုင်ရာ အရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီ ၇ ယောက်ထဲမှာ ၁ ယောက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရေး လာဟုဒ် (Ray LaHood) ရဲ့ သားဖြစ်ပါတယ်။ တချို့တက်ကြွလှုပ်ရှားသူတွေက ကိုင်ရိုမှာရှိတဲ့ အမေရိကန်သံရုံးထဲမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြပါတယ်။

နောက်ထပ် တရားမဝင်လှုပ်ရှားတယ်လို့ အစွပ်စွဲခံရတဲ့ အမေရိကန်နိုင်ငံသား ၉ ယောက်ကတော့ ခရီးသွားလာခွင့် တားမြစ်ချက် မထုတ်ခင်ကတည်းက အီဂျစ်ကနေပြီးတော့ ထွက်ခွာသွားပါတယ်။

အီဂျစ်နိုင်ငံထဲမှာ ကျန်နေတဲ့ အမေရိကန်နိုင်ငံသား တက်ကြွလှုပ်ရှားသူ ၇ ယောက်ကို နိုင်ငံထဲက ထွက်ခွာခွင့်ပေးလိုက်တဲ့သတင်းကြောင့် စိတ်အားတက်ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခရီးသွားခွင့် ရုပ်သိမ်းလိုက်တာ ဟုတ်မဟုတ်တော့ အတည်မပြုခဲ့ပါဘူး။

XS
SM
MD
LG