လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ သန်းကျော်ကစပြီးတော့ အချိန်ပိုရှည်လျားလာတဲ့ ကမ္ဘာကြီး ပူနွေးလာမှု (global warming) ကြောင့် နို့တိုက်သတ္တဝါမျိုးနွယ်တွေရဲ့ အရွယ်အစား တစထက်တစ ပိုသေး လာခဲ့တယ်လို့ သိပ္ပံအထောက်အထားတွေအရ သိရပါတယ်။
လာမယ့် ဆယ်စုနှစ်တွေမှာ ဖြစ်လာနိုင်မယ့် ရာသီဥတု လျှင်လျှင်မြန်မြန်ပြောင်းလဲမှုကို အခုခေတ် အပင်တွေနဲ့ တိရစ္ဆာန်တွေ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို အမေရိကန်အခြေစိုက် သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေက မေးခွန်းထုတ်နေကြတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း ၁၀၀ လောက်အတွင်း ပျှမ်းမျှ မျက်နှာပြင်အပူချိန်ဟာ စက်မှု မထွန်းကားခင်ခေတ်က ပမာဏထက် ၄ ဒီဂရီ စင်တီဂရိတ်လောက် မြင့်တက်လာနိုင်တယ်လို့ ရာသီဥတုတွက်ချက်မှု တော်တော်များများက ကြိုတင်ခန့်မှန်း တွက်ဆထားပါတယ်။
ပူးတွဲသုတေသန ပညာရှင်တွေရဲ့ အဆိုအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ သန်းလောက်ကတည်းက နှစ် ပေါင်း ၁ သိန်း၊ ၇ သောင်းခွဲ ကြာမြင့်တဲ့ ဘူမိသက်တမ်းကာလအတွင်း (“dwarfing” phenomenon) လို့ခေါ်တဲ့ အရွယ်သေးငယ်သွားတဲ့ လက္ခဏာ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဘူမိသက်တမ်း ကာလကို (PETM) လို့ ခေါ်ပြီး တော့ ပျှမ်းမျှ ကမ္ဘာ့အပူချိန်ဟာ ၅.၅ စင်တီဂရိတ်လောက် မြင့်တက်ခဲ့ပါတယ်။
ဖန်လုံအိမ် ဓာတ်ငွေ့လို့ ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပမာဏအများကြီး ထုတ်လုပ်မှုက ကမ္ဘာ့ အပေါ်ယံလေထုထဲမှာ နေရဲ့ အပူချိန်ကိုပို ကြာကြာသိမ်းထားနိုင်တဲ့အတွက် အဲဒီအချိန်က ရာသီဥတုကို ပြောင်းလဲသွားစေ ခဲ့ပါတယ်။
သုတေသီတွေအဆိုအရ ရာသီဥတုပြောင်းလဲလို့ ဖြစ်ရတဲ့ အရွယ်သေးငယ်မှုဟာ လွန်ခဲ့တဲ့ နှစ် သန်း ၅၀ ကျော်က ဖြစ်ခဲ့ဖူးတော့ ရာသီဥတုပြောင်းလဲမှု Climate Change ဟာ လာမယ့် ရာစုနှစ် ၁ ခု သို့မဟုတ် ၂ ခု အတွင်း ဖြစ်နိုင်ပါတယ်။