သုံးရလွယ်ကူစေသည့် Link များ

အီရန်ပါလီမန်ရွေးကောက်ပွဲတွေကို ဒီကနေ့ ပြုလုပ်နေတာမှာ သဘောထားတင်းမာသူ ရှေးရိုးစဉ်လာသမားတွေ ကြားမှာပဲ သမ္မတ မာမွတ်အမာဒီနီဂျတ် (Mahmoud Ahmadinejad) ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ အားပြိုင်ပွဲအဖြစ် တွေ့မြင်နေကြရပါတယ်။

အီရန်ပါလီမန်ရဲ့ အမတ်နေရာ ၂၉၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြသူ ကိုယ်စားလှယ်လောင်း ၃,၄၀၀ ထဲမှာ အပြောင်းအလဲလိုလားသူတွေ အနည်းငယ်တော့ ပါဝင်နိုင်ပါတယ်။ ၂၀၀၉ ခုနှစ် က သမ္မတ အမာဒီနီဂျတ် ပြန်ပြီး အရွေးခံတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှုတွေကို ရှေးရိုးဝါဒီတွေရဲ့ အစိုးရနဲ့ အီရန်ကို တကယ်တမ်း လွှမ်းမိုးချုပ်ကိုင်ထားကြတဲ့ ဘာသာရေးခေါင်းဆောင်တွေက ဖြိုခွင်းနှိပ်ကွပ်ခဲ့ကြပါတယ်။ ဒီကနေ့ ပါလီမန်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူပေါင်း ၄၈ သန်းကျော် ရှိပါတယ်။

အီရန်ရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ဒီကနေ့ ရွေးကောက်ပွဲမှာ လူထုကို မဲလာပေးကြဖို့ မေတ္တာ ရပ်ခံလိုက်ပြီးတော့ အခုလို အင်နဲ့အားနဲ့ မဲလာပေးခြင်းဖြင့် အီရန်ရဲ့ စီးပွားရေးကိုထိခိုက်စေဖို့ အီရန်ရဲ့ရန်သူ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အံတုပြသရာရောက်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်အတွက် လုပ်ဆောင်နေမှုကနေ နျူကလီးယားလက်နက်တွေ ထုတ်လုပ်လာမှာကို စိုးရိမ်တဲ့အတွက် နျူကလီးယားအစီအစဉ်တွေ ရပ်ဆိုင်းစေရေး ဖိအားပေးတဲ့အနေနဲ့ အနောက်နိုင်ငံတွေက အီရန်ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG