သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ohio ပြည်နယ်မှာ Romney အနိုင်ရ


အမေရိကန်နိုင်ငံက ပြည်နယ် ၁၀ ခုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ အကြီးဆုံးပြည်နယ်တခုဖြစ်တဲ့ Ohio ပြည်နယ်မှာ သမ္မတလောင်း Mitt Romney က ပွတ်ကာသီကာနဲ့ပဲ အနိုင်ရသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မနက် မဲတွေရေတွက်ပြီးတဲ့အချိန်မှာ Mitt Romney က သူ့ရဲ့ အဓိကပြိုင်ဘက် အထက်လွှတ်တော်အမတ်ဟောင်း Rick Santorum ကို မဲအရေအတွက် ၁ သောင်း ၂ ထောင်နဲ့ အသာစီးရနေတယ်လို့ ဆိုပါတယ်။ ဒါဟာ Ohio ပြည်နယ် ပဏာမ ရွေးချယ်ပွဲအတွင်း မဲပေးခဲ့သူ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။

Ohio ပြည်နယ်ဟာ Romney အတွက် အင်္ဂါနေ့ညမှာ ၄ ပြည်နယ်မြောက် အနိုင်ရခြင်းလည်း ဖြစ်ပါတယ်။ တခြား Vermont, Virginia နဲ့ တချိန်က သူ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Massachusetts ပြည်နယ်တို့မှာလည်း အနိုင်ရခဲ့တာပါ။ သူ့အနေနဲ့ Idaho ပြည်နယ်မှာလည်း အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သူ့အနေနဲ့ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြုမယ့် သမ္မတလောင်းအဖြစ် အဆုံးသတ်မှာ အရွေးချယ်ခံရမယ်လို့ Romney က Boston မြို့မှာ မနေ့ညက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG