သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးက အီရန်ကို ချက်ချင်းတိုက်ခိုက်မှာမဟုတ်


အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟုက အီရန်နိုင်ငံအပေါ် နိုင်ငံတကာကနေ ပိတ်ဆို့ အရေးယူမှုတွေ လုပ်တဲ့အပေါ် အလုပ်ဖြစ် မဖြစ်ဆိုတာကို စောင့်ကြည့်နေအုံးမှာ ဖြစ်ပြီး အစ္စရေးအနေနဲ့ လာမယ့်ရက်ပိုင်း ဒါမှမဟုတ် သတင်းပတ်တွေအတွင်း အီရန်ရဲ့ နျူကလီယား အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ပြောပါတယ်။

ကြာသာပတေးနေ့က အစ္စရေးရုပ်သံဌာနကို စကားပြောဆိုရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့သာ အဖြေရှာလိုကြောင်း၊ ဒါပေမယ့် အီရန်နိုင်ငံအနေနဲ့ နျူကလီယား လက်နက်ပိုင်ဆိုင်မှာကို လုံးဝလက်ခံမှာ မဟုတ်ကြောင်း မစ္စတာ နာတန်ရာဟုက ပြောပါတယ်။

မစ္စတာနာတန်ရာဟုဟာ ဝါရှင်တန်ကနေ ပြန်လာအပြီး နောက်တနေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ် ရပ်တန့် သွားစေရေး အတွက် သံတမန်နည်းလမ်းနဲ့ ပိတ်ဆို့ အရေးယူတဲ့ နည်းလမ်းတွေသုံးပြီး ဟန့်တားနေမှု အပေါ် အချိန်တော့ ကြာကြာမပေးနိုင်ဘူးလို့လည်း သူက ပြောဆိုသွားပါတယ်။

အီရန်အရေးနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးတို့ကြားမှာ ချဉ်းကပ်ပုံခြင်း ကွဲလွဲမှုရှိကြောင်း မစ္စတာနာတန်ရာဟုက ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ အီရန်ရဲ့နျူကလီယား ခြိမ်းခြောက်မှုအပေါ် ဝါရှင်တန်အစိုးရထက် ပိုမိုအလေးထားကြောင်း သူက ပြောဆိုသွားပါတယ်။

XS
SM
MD
LG