သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါးတွင်းထွက်သတ္ထုကိစ္စ တရုတ်နဲ့ကမ္ဘာ့နိုင်ငံများကြား အငြင်းပွား

Samarium - rare earth element
Samarium - rare earth element

နည်းပညာအဆင့်မြင့် လူသုံးပစ္စည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြားစက်၊ အဆင့်မြင့် လက်ကိုင်ဖုန်း၊ မော်တော်ကား စတာတွေကို ထုတ်လုပ်ရာမှာသုံးတဲ့ Rare Earth Minerals လို့ခေါ်တဲ့ ရှားပါးသတ္ထု ကုန်ကြမ်းတွေရဲ့ ၉၀%ကို တရုတ်နိုင်ငံက ရောင်းချဖြန့်ဖြူးပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ ရှားပါးသတ္ထုတွေကို ပြည်ပကို အရေအတွက် လျှော့ချ ဖြန့်ဖြူးရောင်းချဖို့ တရုတ်အစိုးရက လုပ်ဆောင်ခဲ့တာဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥပဒေကို တရုတ်အစိုးရက ချိုးဖောက်တာဖြစ်တယ်ဆိုပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့က Geneva အခြေစိုက် WTO ကို တိုင်တန်း ကန့်ကွက်လိုက်ပါတယ်။

တရုတ်အစိုးရက အဲဒီ စွပ်စွဲ တိုင်တန်းချက်ကို ငြင်းပယ်လိုက်ပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ လိုအပ်ချက်ပြည့်မီအောင် ထုတ်ကုန်အတိုင်းအတာကို ကန့်သတ်ရတာ ဖြစ်တယ်လို့ တရုတ်တို့က ရှင်းချက်ထုတ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက ဈေးကွက်တွေမှာ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်အစိုးရရဲ့ မူဝါဒအရ ပြည်ပဈေးကွက်ကို လျှော့ချတဲ့အတွက် တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။ တရုတ်ပြည်က လိုက်နာရမယ့် ကုန်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်လို့ ပြောကြားလိုက်ပါတယ်။

Rare Earth Minerals လို့ခေါ်တဲ့ ရှားပါးတွင်းထွက် သတ္တုတွေကို ဈေးကွက်မှာ ရှားပါးအောင် လုပ်ခဲ့ရင် ကမ္ဘာ့လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုမှာ အကြီးအကျယ် ပြဿနာတက်ကုန်နိုင်ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Kon Kirk က ပြောကြားသွားပါတယ်။

This item is part of
XS
SM
MD
LG