သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းရှင်ဦးတေဇသားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု EU ရုပ်သိမ်းမည်


မြန်မာစစ်အစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးအပေါ်ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းသင့်ကြောင်း ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးတော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ မြန်မာစစ်အစိုးရဟောင်းနဲ့ အနီးကပ် ဆက်နွယ်ပတ်သက်မှုရှိပေမဲ့ သူ့ရဲ့သားတော်စပ်သူ ထင်ရှားတဲ့ စီးပွားရေးသမား မောင် ပြည့်ဖြိုးတေဇကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ချိုးဖောက် ဖျက်ဆီးခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေ အထောက်အထား မတွေ့ရဘူးလို့ ဥရောပသမဂ္ဂ တရားရုံးက အင်္ဂါနေ့ကထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

စစ်အစိုးရရဲ့ စီးပွားရေး မူဝါဒတွေကနေ အကျိုးစီးပွားဖြစ်ထွန်းခဲ့တယ်လို့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေ သတ်မှတ်ထားတဲ့ စာရင်းမှာ သူ့နာမည်ကို ထည့်သွင်းဖော်ပြခံခဲ့ရပြီးတဲ့နောက် ၂ဝဝ၈ ခုနှစ်က မောင်ပြည့်ဖြိုးတေဇက တရားရုံးမှာ အမှုဖွင့် လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ သူ့ဖခင်ဦးတေဇရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ရော စစ်အစိုးရနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပါ သူ ဆက်စပ်ပတ်သက်မှု မရှိပါဘူးလို့ မောင်ပြည့်ဖြိုးတေဇက ငြင်းချက်ထုတ်ခဲ့ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု Sanctions တွေကို မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတွေကို ကန့်သတ်ချမှတ်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG