သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုသူပုန်ခေါင်းဆောင် ကလေးစစ်သားစုဆောင်းတဲ့ ပြစ်မှုထင်ရှား

Congo နိုင်ငံသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Thomas Lubanga ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်ပွဲတွေကို ပို့ပြီး တရားမဲ့ အသုံးပြု ခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (Internatioanl Criminal Court , ICC) တည်ထောင်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

အသက် ၁၅ နှစ်နဲ့အောက် ကလေးငယ်တွေကို အသက်မပြည့်မှန်းသိရက်နဲ့ Lubanga နဲ့ သူ့အပေါင်းပါတွေက စစ်တပ်ထဲ ကို မဝင်မနေရ ဝင်ရောက်ခိုင်းခဲ့တယ်ဆိုတာ သက်သေတွေနဲ့ Video စာတမ်းတွေက အထင်အရှား ဖော်ပြထွက်ဆိုခဲ့ ကြတယ်လို့ တရားသူကြီး Adrian Fulford ကပြောဆိုပါတယ်။

၂ဝဝ၂ နဲ့ ၂ဝဝ၃ ခုနှစ်တွေအတွင်း Congo ပြည်တွင်းစစ်ထဲမှာ တိုက်ခိုက်ဖို့ ကွန်ဂိုမျိုးချစ် တပ်ဖွဲ့ Union of Congolese Patriots ခေါ် သူ ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အတွက် Thomas Lubanga ဟာ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ တရားသူကြီးက ပြောဆိုပါတယ်။ Thomas Lubanga အပြစ်ကျူးလွန်ကြောင်း တရားသူကြီးအဖွဲ့ဝင်တွေ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG