သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ အပြိုင်အဆိုင် လက်နက်တပ်ဆင်မယ့်အန္တရာယ် တရုတ်သတိပေး


ကမ္ဘာပေါ်မှာ အကြီးမားဆုံး လက်နက်တင်သွင်းတဲ့ ဒေသအဖြစ် အာရှ-ပစိဖိတ်ဒေသက ဥရောပရဲ့ နေရာကို အစားထိုး ဝင်ယူသွားပြီဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အာရှမှာ အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ တရုတ်နိုင်ငံက အင်္ဂါနေ့မှာပဲ သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာတဝှမ်း သမားရိုးကျ လက်နက်တင်သွင်းမှု စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနရဲ့ ဒီတပတ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့တာပါ။ ဒီအထဲကမှ လက်နက်တင်သွင်းမှုမှာ ထိပ်ဆုံးနေရာ ယူထားတဲ့ ၅ နိုင်ငံဟာ အာရှတိုက်က ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်း စစ်ရေး အပြိုင်အဆိုင် တည်ဆောက်မှုကြောင့် တရုတ်နိုင်ငံက လက်နက် တင်သွင်းမှုတွေ ပိုများလာရတယ်ဆိုတာဟာ မမှန်ဘူးလို့ အစိုးရပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကနေ ငြင်းချက် ထုတ်ခဲ့တာပါ။

တခြားနိုင်ငံတွေက မဟာဗျူဟာကျကျ တရုတ်နိုင်ငံကို ဆန့်ကျင်နေတာတွေကို အမေရိကန် ပြည်ထောင်စုက အားပေးနေတာကိုလည်း ရပ်တန်းကရပ်ဖို့ တိုက်တွန်းခဲ့သလို ဒေသတွင်းအပေါ် လုံခြုံရေး အမြင်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား အလေးအနက်ထား ဆက်သွယ် ပြောဆိုဖို့ လိုတယ်လို့လည်း အယ်ဒီတာ့အာဘော်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG