သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီလီနွိုက် (Illinois) မှာ ရွန်မနီအနိုင်ရ


Republican သမ္မတလောင်းအဖြစ် ရှေ့ကပြေးနေတဲ့ မက်ဆက်ချူးဆက် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney နဲ့ ဇနီး Ann Romney တို့ အီလီနွိုက်ဒေသခံတွေကို နှုတ်ဆက်နေစဉ်။ မတ်လ ၂၀၊ ၂၀၁၂။

အမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်ရဲ့ အင်္ဂါနေ့က Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ Mitt Romney အနိုင်ရရှိခဲ့တာကြောင့် Republican သမ္မတလောင်းအဖြစ် အရွေးခံရဖို့ ရှေ့ဆုံးက ဦးဆောင်နေပါပြီ။

Illinois ပြည်နယ်ရဲ့ အင်္ဂါနေ့က Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ Mitt Romney က ၄၇%၊ ပြိုင်ဘက် အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်း Rick Santorum က ၃၅% အသီးသီး ရရှိခဲ့ကြပါတယ်။ Ron Paul နဲ့ Newt Gingrich တို့ကတော့ မဲအရေအတွက် မဆိုသလောက်ဘဲ ရရှိခဲ့ကြ ပါတယ်။

Mitt Romney က အခုလို Illinois ပြည်နယ်က Republican ကိုယ်စားလှယ် ၅၄ ယောက်ရဲ့ ထောက်ခံမှုကို အနိုင်ရ လိုက်တာဟာ Republican သမ္မတလောင်းအဖြစ် အပြီးသတ်အရွေးခံရဖို့ ကိုယ်စားလှယ်စုစုပေါင်း ၁,၁၄၄ ယောက် ထောက်ခံမှု လိုအပ်ချက်ပြည့်မီဖို့ နီးစပ်လာတာဖြစ်ပါတယ်။ Mitt Romney ဟာ လောလောဆယ် Republican ကိုယ်စားလှယ် ၅၀၀ ကျော်ရဲ့ ထောက်ခံမှုရရှိထားပြီး Rick Santorum ကတော့ ၂၀၀ ၀န်းကျင်ရဲ့ ထောက်ခံမှုရ ရှိထားပါတယ်။ တကယ်လို့ သူအရွေးခံရရင် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ Democrat သမ္မတ အိုဘာမားကို စိန်ခေါ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လာမယ့် စနေနေ့မှာတော့ တောင်ပိုင်းက ဘာသာရေး အစဉ်အလာထိန်းသူ Conservatives အများစုရှိတဲ့ Louisiana ပြည်နယ် Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာတော့ Rick Santorum ကနိုင်ခြေရှိနေတာတွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG