သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရှေ့နေတွေ ကွန်မြူနစ်ပါတီကို သစ္စာခံကျမ်းကျိန်ရမည်


တရုတ်ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိ ရိုသေကြောင်း တရုတ်ရှေ့နေတွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ်လို့ တရားရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ်နဲ့ အမိန့်ထုတ်ပြန်လိုက်တာမို့ အာဏာရှင် တရုတ်အစိုးရကို ဝေဖန်သူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေက အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။

ပထမဆုံးရှေ့နေလိုက်ပါခွင့် လျှောက်ထားတဲ့ရှေ့နေတွေနဲ့ ရှေ့နေလိုင်စင်သက်တမ်း ထပ်ပြီး တိုးမယ့် သူတွေ အခုလို ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ တရားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ် စာမျက်နှာမှာ ဗုဒ္ဓဟူးနေ့က တင်လိုက်တာဖြစ်ပါတယ်။

ရှေ့နေအပါအဝင် တရားရေးဝန်ထမ်းတွေအနေနဲ့ တရုတ်မူ၊ တရုတ်ဟန် ဆိုရှယ်လစ်စနစ်ကို သစ္စာစောင့်သိဖို့ ကျမ်းသစ္စာကျိန်ဆိုရမှာပါ။ ဒါ့အပြင် အမိမြေကိုသစ္စစောင့်သိဖို့၊ ပြည်သူကို သစ္စာစောင့်သိဖို့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆိုရှယ်လစ်စနစ်ကို ဦးဆောင်နေမှု ခိုင်မြဲအောင်လုပ်ဖို့ပါ ပါဝင်ပါတယ်။ ကွန်မြူနစ်ပါတီရဲ့နိုင်ငံရေးနဲ့ တရားဥပဒေကော်မတီတို့ကြား ဦးတည်မှုတွေ ရှုပ်ထွေးနေတာဟာ ကာလကြာမြင့်နေပြီဖြစ်ကြောင်း တရုတ်ရှေ့နေတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

တရုတ်အာဏာပိုင်တွေဟာ မကြာခင်နှစ်တွေအတွင်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ အမှုတွေမှာ လိုက်ပါဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး ရှေ့နေတွေကိုရော လှုပ်ရှားသူတွေကိုပါ ဖိအားတွေ ပိုပြီး ပေးလာခဲ့ကြတာပါ။

XS
SM
MD
LG