သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဓားစာခံ ဆိုမာလီပြန်ပေးလက်မှ လွတ်မြောက်


ဆိုမာလီယာနိုင်ငံမှာ ၆ လကျော် ပြန်ပေးအဆွဲခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီးက သူလွတ်မြောက်လာခဲ့တဲ့ အတွက် အလွန်စိတ်ချမ်းသာရပေမယ့် သူ့ခင်ပွန်းသည် ပြန်ပေးသမားတွေလက်ထဲမှာ သေဆုံး သွားခဲ့တဲ့အတွက် ဝမ်းနည်းပူဆွေးရတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြန်ပေးအဆွဲခံရသူ Judith Tebbutt က ဗုဒ္ဓဟူးနေ့အစောပိုင်းကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တဲ့နောက် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ သားဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် ပျော်မဆုံးအောင် ဖြစ်ခဲ့ရပေမယ့် ခင်ပွန်းသည်သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် ဝမ်းနည်းကြေကွဲနေရတဲ့ သူမရဲ့မိသားစုရဲ့လွတ်လပ်မှုကို အလေးထားကြဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။

သူ့ခင်ပွန်းသည် David Tubbutt ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကင်ညာနဲ့ဆိုမာလီယာ နယ်စပ်ဒေသတောင်ဘက်မှာရှိတဲ့ အပမ်းဖြေဟိုတယ်လ်တလျောက်မှာပဲ ပြန်ပေးအဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ သေဆုံးခဲ့ရတာဖြစ်ပြီး သူ့ကို ဆိုမာလီယာဓားပြလို့ ယူဆရသူတွေက ပြန်ပေးဆွဲခဲ့တာပါ။

သူတို့ကို ပြန်ပြီးလွှတ်ပေးဖို့အတွက် ပြန်ပေးငွေ ဒေါ်လာ ၁ သန်း ပေးခဲ့ရတယ်လို့ သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရကတော့ ပြန်ပေးသမားတွေကို ငွေမပေးခဲ့ပါဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG