သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်က ခရစ်ယာန်ဘုန်းတော်ကြီး ထောင် ၁၁ နှစ်ကျ

ဗီယက်နမ်နိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်မှုကို နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Mennonite ခရစ်ယာန်ဘုရားကျောင်း၊ တရားဟောဆရာတယောက်ကို ဗီယက်နမ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဗီယက်နမ် အစိုးရကို စော်ကားပြီး ပြည်တွင်းရေး အခြေအနေတွေ ပျက်ပြားအောင် နှောင့်ယှက် မှုတွေလုပ်တဲ့ စာပေတွေ ရေးသားဖြန့်ချိခဲ့တဲ့အတွက် Nguyen Cong Chinh ဟာ အပြစ်ရှိတယ်လို့ အစိုးရ သတင်းမီဒီယာတွေက အင်္ဂါနေ့မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့လည်း အစိုးရသတင်းမီဒီယာက သူ့ကို စွပ်စွဲပြောဆိုခဲ့ ပါတယ်။

အထူးသဖြင့်တော့ Chinh ဟာ ဗီယက်နမ်နိုင်ငံမှာ ဘာသာရေးလွပ်လပ်ခွင့်မရှိဘဲ လူနည်းစု ဘာသာခြားတွေ အပေါ် တရားမဲ့ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြည်ပအဖွဲ့အစည်းတွေကို တင်ပြ တိုင်ကြားခဲ့တယ်ဆိုပြီး စွပ်စွဲ အပြစ်ပေးခံရတယ်လို့ ဆိုပါတယ်။ အသက် ၄၃ နှစ်အရွယ် တရားဟောဆရာ Chinh ဟာ အလယ်ပိုင်းပြည်နယ် Gia Lai မှာ မနှစ်ကဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ တရက်တည်း တရားရုံးစစ်ဆေးမှု လုပ်ပြီး သူ့ကို ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ဗီယက်နမ်နိုင်ငံအနေနဲ့ ဘာသာရေးလွပ်လပ်ခွင့်ကို မလေးစားကြောင်း သက်သေ ပြလိုက်တဲ့ နောက်ထပ်ဖြစ်ရပ်တခုပါပဲလို့ အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့က ပြောဆိုပါတယ်။

This item is part of
XS
SM
MD
LG