သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်


ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။

မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့ ဥရောပ သုတေသီတွေက တွက်ချက်ကြပါတယ်။ သူတို့ဟာ သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ဇုန်ထဲမှာပဲ Orbit ပတ်လမ်းနဲ့ ကြယ်ကို ပတ်နေကြတာပါ၊ ဒီဇုန်ထဲမှာရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်တဲ့အတွက် သက်ရှိတွေ ရှင်သန်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါဟာ ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတာကို ပြသတဲ့ အကောင်းဆုံး အထောက်အထားလို့လည်း သုတေသီတွေက ဆိုကြပါတယ်။

တောင်အမေရိကတိုက်ထဲက ချီလီနိုင်ငံမှာရှိတဲ့ La Silla လာဆီရာ နက္ခတ္တမျှော်စင်က ဂြိုဟ် နက္ခတ်တွေရှာတဲ့ HARPS ရောင်စဉ်တိုင်း ကိရိယာနဲ့ တိုင်းထွာတွက်ချက်ရာကနေ ဥရောပ သုတေသီတွေ အခုလို အထောက်အထားသစ်တွေကို တွေ့ရှိတာဖြစ်ပါတယ်။ ဒီစက်နဲ့ Red dwarf လို့ခေါ်တဲ့ ကြယ်တွေကို ပတ်နေတဲ့ မဟာကမ္ဘာတွေရဲ့ ရွေ့လျားနှုန်းကို ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက် တိုင်းထွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Red dwarf တွေဟာ သေးငယ်ပြီး နေထက် အပူချိန်လျော့နည်းတဲ့ ကြယ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သက်တမ်း သိပ်ရှည်တာမို့ သူတို့ကို အများအပြား တွေ့နိုင်ပါတယ်။ နေစကြာဝဠာထဲမှာရှိတဲ့ ကြယ်တွေအားလုံးရဲ့ ၈၀% ဟာ Red dwarf တွေမို့ သူတို့ဟာ စုစုပေါင်း ဘီလျံ ၁၆၀ လောက် ရှိနေပါတယ်။

XS
SM
MD
LG