သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေး အလျှော့မပေးဖို့ ကန်အမတ်တွေ တိုက်တွန်း


အီရန်နိုင်ငံရဲ့ Nuclear အစီအစဉ်အပေါ် အမေရိကန်ထားတဲ့ ရပ်တည်ချက်ကို ဒီထက် ပြတ်ပြတ်သားသား လုပ်ပြဖို့လိုအပ်တယ်လို့ ထိပ်တန်းအမေရိကန် လွှတ်တော်အမတ်တယောက် ပြောလိုက်ပြီး စီးပွားရေးအရ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်တာ ထိရောက်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Democrat လွှတ်တော်အမတ် John Kerry က ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ လွှတ်တော်ကြားနာပွဲမှာ အီရန်နိုင်ငံနဲ့ အီရန်ရဲ့ Nuclear အစီအစဉ်ဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ ပြောပါတယ်။၊ ဒဏ်ခတ်အရေးယူမှု တခုတည်းနဲ့ အီရန်ရဲ့လုပ်ရပ်တွေ ပြောင်းသွားအောင် လုပ်နိုင်မယ့်ပုံမရဘူးလို့ ပြောခဲ့သလို အလျှော့မပေးတဲ့ သံတမန်ရေး နည်းသုံးဖို့ တိုက်တွန်းသွားပါတယ်။

ကော်မတီရဲ့ ထိပ်တန်းအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Republican အထက်လွှတ်တော်အမတ် Richard Lugar ကလဲ အီရန်ဟာ ပိုပြီး အထီးကျန်တဲ့ နိုင်ငံတခု ဖြစ်နေတာတောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်နေတယ်ဆိုတာကို သတိပေးပြောသွားပါတယ်။ အီရန်အစိုးရအနေနဲ့က Nuclear အစီအစဉ်ကို ဆက်လုပ်တဲ့လမ်း ရွေးမှာလား၊ အလားအလာကောင်းတဲ့ စီးပွားရေးကိုထိန်းထားမဲ့လမ်း ရွေးမှာလားဆိုတာကို ရွေးချယ်ရလိမ့်မယ်လို့ သူကပြောပါတယ်။ အီရန်နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားသုံးတာအပြင် ဖြစ်နိုင်တဲ့ လမ်းတွေအားလုံးကို အမေရိကန်က စဉ်းစားထားတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေအတွက်သာ Nuclear အစီအစဉ်တွေကို လုပ်နေတာပါလို့ အစဉ်တစိုက်ပြောနေတဲ့ အီရန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi ကတော့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ဆွေးနွေးမှုတွေ ပြန်စဖို့ ခန့်မှန်းထားတယ်လို့ ဗုဒ္ဒဟူးနေ့မှာပဲ ပြောပါတယ်ရှင်။

XS
SM
MD
LG