သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

သြစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။

အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ သြတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG