သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးဆဲနိုင်ငံကြီးငါးခု ဖွံ့ဖြိုးရေးဘဏ်ထောင်မည်


ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံကြီးငါးနိုင်ငံက သူတို့ရဲ့ဖွံ့ဖြိုးရေးဘဏ်တွေ ရရှိတဲ့အချက်အလက်တွေကို မျှဝေကြဖို့အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာကျင်းပတဲ့BRICSထိပ်သီးညီလာခံအပြီးမှာ ပြောဆိုလိုက်ကြပါတယ်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံပါဝင်တဲ့ BRICS လို့သိထားကြတဲ့ အဖွဲ့ရဲ့ခေါင်းဆောင်တွေက သူတို့အဖွဲ့မှာ နိုင်ငံတကာ ငွေကြေးအဆောက်အအုံအတွက် ကိုယ်စားပြုသူတွေ ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

တရက်ကြာညီလာခံမှာ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပပေးတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းက သူတို့ဟာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် အဓိကခြေလှမ်း လှမ်းနိုင်ဖို့ရာ တဖြည်းဖြည်း နီးကပ်လာနေပြီလို့ ဆိုပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေကို BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေက ငွေကြေးထောက်ပံ့ပြီး စီမံခန့်ခွဲတဲ့ ဖွံ့ဖြိုးရေးဘဏ်တွေက လုပ်ဆောင်မှာ ဖြစ်ပါတယ်။

တောင်အာဖရိကသမ္မတ ဂျေကောဗ့် ဇူးမား Jacob Zuma ကတော့ သူနဲ့ တခြား အာဖရိက ခေါင်းဆောင်တွေက အခုအဆိုပြုလိုက်တဲ့ ဘဏ်နဲ့ပတ်သက်ပြီး ကြိုဆိုလိုက်ကြောင်းနဲ့ ဒါဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရုရှားခေါင်းဆောင် ဒီမိထရိ မက်ဒ် ဗီယဲဒက်ဗ် Dimitry Medvedev ကလည်း BRICS နိုင်ငံတွေဟာ လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာ့စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ရှိတယ်လို့ ပြောပါတယ်။

ညီလာခံအပြီးထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ BRICS နိုင်ငံတွေက ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေရဲ့ ငွေကြေးဆိုင်ရာမူဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG