သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်ပုန်းခိုခဲ့ပုံ အငယ်ဆုံးဇနီးဆီကသိရ


အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုဆမာ ဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံမြို့တွေမှာရှိတဲ့ လုံခြုံ စိတ်ချရတဲ့အိမ်တွေမှာ ကူးလူးရွှေ့ပြောင်းနေထိုင်ခဲ့ပြီး သူရဲ့ဝရမ်းပြေးနေတဲ့အချိန် အတော်များများကို သူ့ကလေး လေးယောက်ကိုထိမ်းကျောင်းရင်း ကုန်လွန်စေခဲ့တယ်လို့ သူ့ရဲ့အငယ်ဆုံးဇနီးဖြစ်သူက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ ရက် အမေရိကန်နိုင်ငံ အတိုက်ခိုက်ခံခဲ့ရတဲ့နောက်ပိုင်း ဘင်လာဒင်ရဲ့ဘ၀ အသေးစိတ်ကို အသက် ၃၀ အရွယ်၊ သူ့ဇနီး ယီမင်နိုင်ငံသူ Amal Ahmed Abdulfattah ကိုစစ်မေးပြီး ရေးသားထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှု နောက်ပိုင်း လအတော်ကြာကြာ မိသားစုတကွဲတပြားစီ ဖြစ်နေခဲ့ပေမယ့် ၂၀၀၂ခုနှစ်မှာ သူဟာ ဘင်လာဒင်နဲ့ Pashawar ပက်ရှ်ဝါမှာ ပြန်ဆုံမိပြီး နောက်ပိုင်းမှာ Swat တောင်ကြားဒေသကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက် ပါကစ္စတန်မြို့တော် အစ္စလန်မာဘတ် (Islamabad) နားက Haripur ကိုပြောင်းရွှေ့ခဲ့ပြီး အဲဒီမှာ ကလေး ၂ ယောက်ကို အစိုးရဆေးရုံကြီးမှာ သွားရောက်မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ အခုနောက်ဆုံးနေထိုင်ခဲ့တဲ့ Abbottabad ကို မိသားစု ပြောင်းရွှေ့အခြေချခဲ့ပြီး နောက်ထပ် ကလေး ၂ ယောက် ဖွားမြင်ခဲ့တာပါ။ အဲဒီမှာပဲ ပြီးခဲ့တဲ့နှစ် မေလတုန်းက အမေရိကန် ကွန်မန်ဒိုတွေရဲ့လက်ချက်နဲ့ ဘင်လာဒင်သေဆုံးခဲ့ရပြီး သူကတော့ ခြေထောက်မှာဒဏ်ရာရခဲ့ပါတယ်။

Abdulfattah ကို အခု ပါကစ္စတန်အစိုးရက ဘင်လာဒင်ရဲ့တခြားဇနီး ၂ ယောက်၊ ကလေး အများအပြားနဲ့ အတူ ဖမ်းဆီးထားပြီး သူတို့ဟာ ပါကစ္စတန်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျနိုင်ဖွယ်ရှိတယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။ သူတို့ကို တနင်္လာနေ့မှာ တရားစွဲဆိုနိုင်တယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG