သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေ နှုန်းရှင်လဲလှယ်မှု စတင်ကျင့်သုံး


မြန်မာနိုင်ငံမှာ ပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ စနစ်ကို နှစ်ပေါင်း များစွာ စစ်တပ်လွှမ်းမိုးတဲ့ အစိုးရ သတ်မှတ်ထိန်းချုပ်လာတဲ့ နှုန်းသေစနစ် ကနေ ဈေးကွက်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် နှုန်းရှင်စနစ်ကို ပြောင်းလဲ ကျင့်သုံး လိုက်ပါ တယ်။ အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာ မှာ မြန်မာကျပ်ငွေကို အရင် ပုံသေ သတ်မှတ် ထားတဲ့ နှုန်းကနေ တဒေါ်လာ ၈၁၈ ကျပ်နှုန်း နဲ့ သတ်မှတ် လိုက်ပါတယ်။ ဒီစနစ်အရ နေ့စဉ် ငွေကြေး ဈေးကွက် လေလံနှုန်းအရ နှုန်းရှင်ကို သတ်မှတ်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့က ခွင့်ပြုချက် ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ခုကြားမှာ ငွေလဲနှုန်း လေလံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အစိုးရဘဏ် ၃ ခုကိုလည်း ဒီ လေလံပွဲမှာ ပါဝင် ခွင့်ပြုမယ်လို့ သိရပါတယ်။ ကြီးမားတဲ့ ငွေကြေး မတည်ငြိမ်မှု မဖြစ်ရ လေအောင် အခါ အားလျော်စွာ ဗဟိုဘဏ်က ဈေးကွက်မှာ ဝင်ရောက် ပါဝင် ပတ်သက်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG