သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ASEAN ညီညွတ်ဖို့ ဖိလစ်ပိုင်တိုက်တွန်း


ဒေသတွင်းတင်းမာမှုတွေ လျော့ပါးစေဖို့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတရပ်ရေးဆွဲဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) အသင်းဝင်တွေကို ဖိလစ်ပိုင်သမ္မတ Benigno Aquino က တိုက်တွန်းလိုက်ပါတယ်။ ဒီအစီအစဉ်ကိုလည်း တရုတ်နိုင်ငံနဲ့ဆွးနွေးညှိနှိုင်းမှုတွေ မလုပ်မီ ဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာပါ။

ပြဿနာကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ တရုတ်နိုင်ငံနဲ့ဆွေးနွေးမှုတွေမှာ စုစည်းညီညွတ်ဖို့ လိုတယ်လို့လည်း အသင်းဝင်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့က ထိပ်သီးအစည်းအဝေးပွဲအတွင်း အင်္ဂါနေ့က ပြောလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ ရေပိုင်နက်အငြင်းပွားမှုအတွက် တနိုင်ငံချင်းစီနဲ့သာဆွေးနွေးဖို့ လိုလားနေတာပါ။ စတုရန်းကီလိုမီတာ ၃ သန်းခွဲ ကျယ်ဝန်းပြီး အရင်းအမြစ်တွေရှိလိမ့်မယ်လို့ ယုံကြည်ရတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက်တခုလုံးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာထားတာမို့ ကျန်ဒေသတွင်းက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ဘရူနိုင်းနိုင်ငံတွေနဲ့ အချေအတင် ဖြစ်စရာတွေ ကြုံနေရတာဖြစ်ပါတယ်။

XS
SM
MD
LG