သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ၊ အာဖရိက မြို့နေလူဦးရေအလျင်အမြန်တိုးဖွယ်ရှိ


အာဖရိကရဲ့မြို့နေလူဦးရေဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အခုရှိနေတဲ့ ၄၁၄ သန်းကနေ သန်းပေါင်း ၁ ထောင့် ၂ ရာအထိ သုံးဆနီးပါးလောက် တိုးလာမှာဖြစ်ပြီးတော့ အာရှဒေသရဲ့လူဦးရေဟာလည်း သန်းပေါင်း ၂ ထောင်ကနေ ၃ ထောင့် ၃ ရာအထိ တိုးလိမ့်မယ်လို့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ လေ့လာချက် တခုထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

တရုတ်နဲ့နိုင်ဂျီးရီးယားနိုင်ငံတွေပြီးရင် အိန္ဒိယနိုင်ငံမှာ အများဆုံး မြို့နေလူဦးရေတိုးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း လာမယ့် ၂၀၅၀ ခုနှစ်ကျရင် မြို့နေလူဦးရေဟာ သိသိသာသာတိုးလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလို မြို့နေ လူဦးရေတိုးလာမှုက အာဖရိကနဲ့အာရှနိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းသစ်တွေ ပိုပြီးတော့ တိုးလာစေမှာဖြစ်သလို အိမ်၊ ယာ၊ အလုပ်အကိုင်၊ စွမ်းအင်လိုအပ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေတော့ ဖြစ်လာလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

လူဦးရေတသန်းကျော်အထိ သိပ်သည်းတဲ့ မြို့အချက်အခြာနေရာတွေမှာ ငလျင်နဲ့ရေကြီးမှု အန္တရာယ်တွေ ကျရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုဘေးအန္တရာယ်တွေကို အာရှဒေသတွေမှာ ပိုပြီးတော့ ကြုံရနိုင်ဖွယ်ရှိပြီးတော့ ဥရောပနဲ့ အာဖရိကဒေသကတော့ အနည်းဆုံးကြုံရနိုင်ဖွယ်ရှိတယ် လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG