သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထိပ်တန်းခေါင်းဆောင် Bo Xilai ကို ပါတီကထုတ်ပယ်


နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံမှာ သူ့ရဲ့ မိသားစုနဲ့အတူ ပါဝင်ပတ်သက် နေတယ်ဆိုပြီး တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ အလွန် လူကြိုက်များခဲ့တဲ့ နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင် Bo Xilai ကို ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ပါတယ်။

“အလွန်အရေးကြီးတဲ့ စည်းကမ်းချိုးဖောက်မှုများကြောင့်” Bo Xilai ကို ၂၅ ဦး ပါဝင်တဲ့ ပေါလစ်ဗျူရိုက လည်းကောင်း၊ အဖွဲ့ဝင် ၃၀၀ ရှိတဲ့ ဗဟို ကော်မတီက လည်းကောင်း ဖယ်ရှားလိုက်တာဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြပါရှိပါတယ်။

၂၀၀၇ ခုနှစ်ကစပြီး အခုလို ပေါလစ်ဗျူရို အဖွဲ့ဝင်တယောက် ထုတ်ပယ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘိုရဲ့မိသားစုနဲ့ နီးစပ်တဲ့ ဗြိတိသျှ လုပ်ငန်းရှင် Neil Heywood အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘိုရဲ့ဇနီး Bo Kailai ကိုလည်း စစ်ဆေး မေးမြန်းနေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

Bo ရဲ့ နှစ်ရှည်ရဲမှူးကြီး Wang Lijun က အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ပြေးဝင်ပြီး ခိုလုံခွင့်တောင်းပြီးတဲ့ နောက် ပြီးခဲ့တဲ့လက Bo Xilai ကို တရုတ်ပြည် အနောက်တောင်ဒေသရဲ့ မြို့တော်ချုံကင်းရဲ့ ကွန်မြူနစ် ပါတီ ခေါင်းေဆောင်အဖြစ်က ထုတ်ပယ်ခဲ့ပါတယ်။ အာဏာကုန် ပိုင်ဆိုင်တဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို ခေါင်းဆောင် ဖြစ်လာမယ်လို့ Bo ကို တချိန်က ယူဆခဲ့ကြပါတယ်။

XS
SM
MD
LG