သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ သူ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလမှာ သွားခဲ့တုန်းက တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဒီကနေ့ နယူးယောက် ဒေသစံတော်ချိန် ၁၀ နာရီလောက်မှာ အစီရင်ခံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အခုလကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သွားဖို့ စီစဉ်နေတဲ့အချိန် ဧပြီလ ၁ ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပအပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအကြောင်း လုံခြုံရေးကောင်စီကို အစီရင်ခံတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဒီဆွေးနွေးပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ကိစ္စအပြင် ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပါ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဧပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွင်း ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ထင်မြင် သုံးသပ်နေကြတဲ့အကြောင်း ကုလသမဂ္ဂမှာရှိတဲ့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

XS
SM
MD
LG