သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲရေး G-8 ချီးကျူး


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြုသဘောဆောင် တိုးတက်မှုတွေ ရှိလာတာနဲ့ တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာအတွက် G8 စက်မှုထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲ ကနေ ကြိုဆိုလိုက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အလားအလာတွေကို ထုတ်ပြော လိုက်ပါတယ်။

ဒီကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ဝါရှင်တန်မြို့တော်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံထဲက ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းစဉ်တွေထဲမှာ ပူးတွဲကူညီ ဆောင်ရွက်ပေးသွားဖို့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေပြီလို့ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဒီ G-8 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ဆီးရီးယားနိုင်ငံမှာ ဆက်ဖြစ်ပွားနေတဲ့ အကြမ်းဘက်မှုတွေ ကိစ္စ၊ အီရန်နျူကလီယား ပြဿနာနဲ့ မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မယ့် ကိစ္စတွေ ကိုပါ သူတို့ရဲ့ ရှေ့လထဲ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးရေးအတွက် ပြင်ဆင်ခဲ့ကြ ပါတယ်။

အခုလို ဆွေးနွေးဖို့ ပြင်ဆင်ရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီးရီးယား မှာ ဖြစ်နေတဲ့ အကြမ်းဘက်မှု အတိုင်းအတာနဲ့ ထိခိုက်ဒဏ်ရာရမှုတွေအပြင် အထူးသံတမန် ကိုဖီအာနန် ကြုံနေရတဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှု အခက်အခဲတွေ အပေါ်မှာလည်း နက်နက်ရှိုင်းရှိုင်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ G-8 နိုင်ငံတွေအကြားမှာ ဆီးရီးယားသမ္မတ Basher Al Assad နုတ်ထွက်စေလိုတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကတဘက် ဒါကို ကန့်ကွက်တဲ့ ရုရှားက တဘက် အမြင်ကွဲလွဲနေကြပါတယ်။

XS
SM
MD
LG