သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA ကိုယ်စားလှယ် မြောက်ကိုရီးယား စေလွှတ်ရေး အစီအစဉ်ပျက်


ဒုံးပျံနဲ့နျူကလီးယားစမ်းသပ်မှုတွေ မလုပ်ဖို့အမေရိကန် ပြည်ထောင်စုနဲ့ သဘောတူညီချက် ရယူထားတာတွေကို ဆက်လက် လိုက်နာတော့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြောဆိုလိုက်တဲ့နောက် မြောက်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်မယ့် အလားအလာတွေ မရှိတော့ဘူးလို့ နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ကပြောလိုက်ပါတယ်။

မတ်လထဲမှာတုန်းက IAEA ပြောခွင့်ရသူ Gill Tudor ရဲ့ အင်္ဂါနေ့နှောင်းပိုင်း ကြေညာချက်ကြောင့် မြောက် ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းအပြီး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူညီချက် ရရှိထားတာတွေ ဆုံးခန်း ရောက်ခဲ့ရတာပါ။

မြောက်ကိုရီးယားကတော့ အင်္ဂါနေ့ အစောပိုင်းမှာပဲ မအောင်မမြင်ဖြစ်ခဲ့တဲ့ ဒုံးပျံ လွှတ်တင်တဲ့အစီအစဉ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခဲ့တာကို လက်မခံတဲ့အကြောင်း တုံ့ပြန်သွား ပါတယ်။ သောကြာနေ့တုန်းက ဒုံးပျံပစ်လွှတ်တဲ့ အစီအစဉ်ဟာ မြောက်ကိုရီးယားအပေါ် ခန့်မှန်းဖို့ မလွယ်နိုင်တဲ့ အပြုအမူတွေထဲက တခုအဖြစ်နဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တဦးဖြစ်တဲ့ Mark Toner က ပြောခဲ့တာပါ။

မြောက်ကိုရီးယားကတော့ မိုးလေဝသဂြိုဟ်တု လွှတ်တင်ဖို့လို့ ပြောထားတဲ့ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု အစီအစဉ်တွေကို ဆက်လုပ်သွားမယ်လို့ အင်္ဂါနေ့မှာပဲ ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG