သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွန်းပျံအာကာသယာဉ် Discovery အနားယူပြီ


အမေရိကန် အာကာသလွန်းပျံယာဉ် Discovery ဟာ သူအနားယူ အမြဲနေထိုင်တော့မယ့် ဝါရှင်တန်ဒီစီ လေကြောင်းပြတိုက်ကိုသွားဖို့ Dulles နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Discovery လွန်းပျံယာဉ်ဟာ ၂၈နှစ်ကြာ ကမ္ဘာမြေပြင်နဲ့ အာကာသထဲ ကူးလူးပျံသန်း ခဲ့တာပါ။ အင်္ဂါနေ့မှာတော့ သူအမြဲ လှုပ်ရှားသွားလာနေတဲ့ ဖလော်ရီဒါ ပြည်နယ်က ကနေဒီ Kennydy အာကာသ စခန်းကနေ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA ရဲ့ အထူးလေယာဉ်ဖြစ်တဲ့ 747 ဘိုးရင်းဂျက် လေယာဉ်နဲ့ သူ့ကို သယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

Dulles လေဆိပ်ကို မရောက်ခင် ဝါရှင်တန်ဒီစီ မြို့တော်ပေါ်ကနေ ပြည်သူ့ရင်ပြင် အပါအဝင် အထင်ကရ အထိမ်းအမှတ်နေရာတွေပေါ်မှာ ဝဲပျံပြီး ပရိတ်သတ်ကို နှုတ်ဆက်ခဲ့ပါတယ်။ ပြည်သူ့ရင်ပြင်ထဲမှာတော့ အာကာသလွန်းပျံယာဉ်ကို စောင့်ကြည့်ကြတဲ့ ပရိတ်သတ်တွနဲ့ ပြည့်နှက်နေပါတယ်။

လွန်းပျံယာဉ် Discovery ကို Dulles နိုင်ငံတကာ လေဆိပ်ကနေ အနားမှာရှိတဲ့ Smithsonian အမျိုးသား လေကြောင်းနဲ့ အာကာသပြတိုက်ခွဲတခုဖြစ်တဲ့ အူဝါ ဟာဇီ Udvar- Hazy ပြတိုက်မှာ ပြသဖို့ သယ်ယူသွားခဲ့ပါတယ်။ နာဆာအဖွဲ့ကနေ ပြီးခဲ့တဲ့ နှစ်ကစပြီး အာကာသထဲကို လွန်းပျံယာဉ် လွှတ်တင်မှုတွေ ရပ်နားခဲ့ပါတယ်။ နာဆာကနေ သူ့ရဲ့ အနာဂတ် အာကာသယာဉ်တွေကို ကမ္ဘာပတ် လမ်းကြောင်း ကနေ ကျော်လွန်ပြီး ပိုမိုဝေးကွာတဲ့ နေရာတွေအထိ သွားနိုင်အောင် တီထွင်ရာမှာ ပိုပြီး အာရုံစိုက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG