သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြောင့် အာရှနိုင်ငံတွေ လက်နက်ပိုဝယ်


အာရှနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ စစ်လက်နက်နည်းပညာတွေကို အဓိကဝယ်ယူရာ တိုင်းပြည်တွေ ဖြစ်လာနေ တယ်လို့ ရုရှားအစိုးရရဲ့ စစ်လက်နက်ရောင်းချမှုဆိုင်ရာ အေဂျင်စီက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားနိုင်ငံထုတ်လက်နက်တွေ ပြည်ပတင်ပို့ရောင်းချမှုတွေရဲ့ ၄၃% ဟာ အာရှနိုင်ငံတွေမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံတကာ လက်နက်ကုမ္ပဏီ ရိုဆိုဘိုရွန်အိတ်စပို့ (Rosoboron Export) က ပြောလိုက်တာပါ။

အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာတဝှမ်း လက်နက်ဝယ်ယူတင်သွင်းမှုတွေရဲ့ ၄၄ % အထိ ရှိနေပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း လက်နက်တင်သွင်းမှုတွေမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေဖြစ်တယ်လို့လည်း စတော့ဟုမ်း နိုင်ငံ တကာ ငြိမ်းချမ်းရေးသုတေသနဌာနက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောထားတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသား၊ စစ်ဘက်ရေးရာ ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ မက်ဆင် ပျတ်တူရှကင် (Maksin Pyatushkin) ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အား ကြီးထွားလာရာက အိမ်နီးချင်း တိုင်းပြည်တွေ စစ်လက်နက်ကို ခေတ်မီအောင်တပ်ဆင်လာကြတာလို့ ဒီတပတ်ထဲမှာပဲ ဗွီအိုအေ ကို ပြောခဲ့တာပါ။ ဒီလို စစ်တပ် ခေတ်မီအောင်လုပ်ရာမှာ ရုရှားနိုင်ငံက လက်နက်တွေကို အားကိုးလေ့ရှိ တယ်လို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG