သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကြိုဆို


မြန်မာသမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ၊ မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံတက်ရောက်ဖို့အတွက် ဒီနေ့ ခရီးစတင်ထွက်ခွာခဲ့ပြီးတော့ တိုကျိုမြို့ကို ရောက်နေပါပြီ။ ခရီးရောက်မဆိုက်မှာပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာမို့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာပြီလို့ အခုလို ပြောခဲ့ပါတယ်။

"ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ပြောင်းလဲလာပြီ။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှုတွေ ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက် အကောင်အထည်ဖော်လျှက် ရှိနေပါပြီ။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းများအနေနဲ့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ဖို့ ကြိုဆို ဖိတ်ခေါ်အပ်ပါတယ်"

ဂျပန်နိုင်ငံကို ရောက်ရှိပြီးတော့ မကြာခင်မှာပဲ သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG