သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်လေယာဉ်ပျက်ကျ ၁၂၀ ကျော် သေဆုံး


ပါကစ္စတန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ပြီး လေယာဉ်ပေါ်ပါလာသူ ၁၃၀ ခန့် အကုန် သေဆုံးခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။ ဒီ ဘိုးရင်း ၇၃၇ လေယာဉ်ဟာ တောင်ပိုင်း ဆိပ်ကမ်းမြို့၊ ကရာချိကနေ အစ္စလာမ်မာဘတ်မြို့တော်ကို သောကြာနေ့က ထွက်ခွာလာပြီး မုန်တိုင်းဝင် လာစဉ်မှာ အစ္စလာမ်မာဘတ်မြို့က နိုင်ငံတကာလေယာဉ်ကွင်းကို ဆင်းကာနီးမှာပဲ ပျက်ကျသွားခဲ့ရ တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ ကရာချိမြို့ကြီးကနေ အစ္စလာမ်မာဘတ်ကို သောကြာနေ့မှာ ပထမဆုံးအသုတ် စထွက် တဲ့ လေယာဉ်ဖြစ်တယ်လို့ အရာရှိတွေက ဆက်ပြောပါတယ်။ မျက်မြင်သက်သေတွေကတော့ ဒီလေယာဉ် လယာဉ်ဟာ လေယာဉ်ကွင်းနားက လူနေထူထပ်တဲ့ နေရာနားမှာ ပျက်ကျခဲ့တာဖြစ်ပြီး မပျက်ကျခင်မှာ မီးလောင်သွားခဲ့ပုံရတယ်လို့ဆိုပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂၇ဦးလုံး သေခဲ့ပေမဲ့ မြေကြီးပေါ်က လူတွေကိုတော့ ထိခိုက်ခဲ့တာ လုံးဝမရှိဘူးလို့ အရာရှိတွေက ပြောကြပါတယ်။

အရပ်သားတွေနဲ့ စစ်သား ကယ်ဆယ်ရေးသမားတွေကို ဒီလေယာဉ်ပျက်ကျတဲ့ နေရာကို စေလွှတ်ထားရာ မှာ အခုထိတော့ အလောင်းပေါင်း ၁၁၀ ကိုရရှိထားပြီးပြီလို့ ကြည်းတပ်ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ ခုလိုကယ်ဆယ်ရေးနဲ့ အလောင်းရှာဖွေရေး လုပ်နေချိန်မှာ ဒီလေယာဉ် ပျက်ကျတဲ့နေရာနဲ့ ဝေးရာမှာနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

ပါကစ္စတန်သမ္မတ Yousuf Raza Gilani ကတော့ ဒီလေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးဖို့ အမိန့် ထုတ်ထားပါတယ်။ အရင်၂၀၁၀ ဇူလိုင်လတုန်းကလည်း အစ္စလာမ်မာဘတ်မြို့နားမှာ ခရီးသည် တင် လေယာဉ်တစီး တောင်တွေကို ဝင်တိုက်ခဲ့ပြီး ပျက်ကျခဲ့ကာ၊ လူပေါင်း ၁၅၂ ဦး သဆုံးခဲ့ကြပါတယ်။ တချိန်တည်းမှာ မကြာခင်က အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ ပျက်ကျခဲ့တဲ့ Black Hawk ရဟတ်ယာဉ် ကြောင့် သေဆုံးခဲ့ရတဲ့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ အမေရိကန် တပ်သားတွေဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက သောကြာနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

XS
SM
MD
LG