သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဘက်က ခြိမ်းခြောက်မှု အန္တရာယ်အတွက် တောင်ကိုရီးယားပြင်ဆင်


တောင်ကိုရီးယား၊ ဆိုးလ်မြို့တော်က ကွန်ဆားဗေးတစ် သတင်းမီဒီယာကိုးခုကို မြောက်ကိုရီးယားက အရင် မသုံးခဲ့ဘူးတဲ့ အထူးစစ်ရေးနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေက အဲဒီဌာနတွေကို အထူး လုံခြုံရေးတွေ ချထားလိုက်ပါတယ်။

တောင်ကိုရီးယား ကွန်ဆာဗေးတစ်သမ္မတ လီမြောင်ဘတ်ကို ထောက်ခံတဲ့ အသံလွှင့်ဌာနတချို့နဲ့ ထိပ်တန်း သတင်းစာတချို့အပါအဝင် သတင်းဌာနတွေကို မိနစ်ပိုင်းအတွင်း ပြာကျသွားစေမယ်ဆိုတဲ့ မြောက် ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအတွက် တောင်ကိုရီးယား အစိုးရက စိုးရိမ်ပူပန်နေပါတယ်။ ခြိမ်းခြောက်မှုဟာ ရိုင်းပျပြီး အန္တရာယ်ကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဘယ်လိုအခြေအနေကိုပဲဖြစ်ဖြစ် လက်တုံ့ပြန်တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်မှုတွေကို တိုးဖြည့် ပြင်ထားတယ် လို့လည်း ပြောပါတယ်။ တောင်ကိုရီးယား စစ်တပ်တွေက မြောက်ကိုရီးယား တပ်တွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေကြောင်း ကာကွယ်ရေးဝန်ကြီး ကင်မင်ဆပ်က ပြောကြားပါတယ်။ တောင်ကိုရီးယား ဆန္ဒပြသမားတွေက ဆိုးလ်မြို့တော်မှာ မြောက်ကိုရီးယားရဲ့ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ရုပ်တုကို မီးရှို့ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ မြောက်ကိုရီးယားပြည်သူတွေအနေနဲ့ လွတ်မြောက်မှုအတွက် ထကြွ တောင်းဆိုကြဖို့ တောင်ကိုရီးယား ဆန္ဒပြသမားတွေက တိုက်တွန်းလိုက်ကြပါတယ်။

XS
SM
MD
LG