သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Romney ရီပတ်ဘလီကဲန် သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာလုနီး


အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Newt Gingrich ဟာ Republican ပါတီဘက်က အမေရိကန် သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်တော့မယ့်ပုံမျိုး ရှိနေပါတယ်။ သူနဲ့ ယှဉ်ပြိုင်ဘက်လည်းဖြစ် သူတို့ထဲမှာ ရှေ့ဆုံးကပြေးနေသူလည်းဖြစ်တဲ့ Mitt Romney က အင်္ဂါနေ့ တရက်တည်းမှာပဲ နိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ် (၅) ပြည်နယ်က သမ္မတလောင်းရွေးချယ်ပွဲမှာ အနိုင်ရ သွားပြီးတဲ့နောက် အခုလို Mr Gingrich ထွက်မယ့် သတင်းကြားရတာပါ။

Mr Gingrich ဟာ နောက်သတင်းပါတ်ကစပြီး မဲဆွယ်စည်းရုံးမှုတွေကို ရပ်ဆိုင်းတော့မယ်လို့ နံမယ်မဖော်တဲ့ ရီပတ်ဘလစ်ကန် အရာရှိတွေကို ကိုးကားပြီး သတင်းဌာနအများအပြားက သတင်းဖော်ပြနေကြပါတယ်။ Mr Romney ကတော့ Connecticut, Delaware, Rhode Island, Pennsylvania နဲ့ New York ပြည်နယ်တို့မှာ အနိုင်ရပြီးတဲ့နောက်မှာ အခုတော့ သမ္မတ Obama နဲ့ နိုဝင်ဘာမှာ ယှဉ်ပြိုင်အရွေးခံရမယ့် ကိစ္စကိုပဲ အာရုံစိုက်နေပါပြီ။

Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ဟာ ပါတီတွင်း ပဏာမရွေးချယ်မှု အဆင့်ဆင့်ကို ဖြတ်သန်းပြီးတော့မှ အခုလို သမ္မတလောင်း အနေအထားကို ရရှိတာပါ။ လွန်ခဲ့တဲ့ (၂) ပတ်ကပဲ သူ့ရဲ့ အားအကောင်းဆုံး ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း Rick Santorum ဆက်မပြိုင်တော့ဘဲ နှုတ်ထွက်သွားလိုက်ကတည်းက သူနဲ့ယှဉ်ပြိုင်ဘက် မရှိတော့သလို ဖြစ်သွားတာပါ။

လက်ရှိသမ္မတ Obama ကတော့ သူ့ပါတီတွင်းမှာ သမ္မတလောင်းအဖြစ် သူနဲ့ ယှဉ်ပြိုင်ရွေးချယ်မယ့်သူ မရှိပါဘူးရှင်။

XS
SM
MD
LG