သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား တပ်ဆင်နိုင်တဲ့ဒုံးကျည် ပါကစ္စတန်စမ်းသပ်


ပါကစ္စတန်နိုင်ငံက ထပ်မံမွမ်းမံပြုပြင်ထားတဲ့ Shaheen-1 အမျိုးအစား မစ်ဇိုင်းဒုံးကျည်ကို ဗုဒ္ဓဟူးနေ့က အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြေညာပါတယ်။

Shaheen 1 ဒုံးကျည်ဟာ နျူကလီးယားလက်နက်ကို သယ်ဆောင်နိုင်မှာဖြစ်သလို ထပ်မံ မွမ်းမံထားတဲ့အတွက် ပိုမိုကွာဝေးတဲ့ အကွာအဝေးကို ပစ်လွှတ်နိုင်ပြီး အိန္ဒိယနိုင်ငံအတွင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အိန္ဒိယနိုင်ငံက နျူကလီယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာဝေးပစ် မစ်ဇိုင်း ဒုံးကျည်အသစ်တခု အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ပါကစ္စတန်က အခုလို ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တရုတ်နိုင်ငံ၊ မြို့တော်ဘေဂျင်းအထိ အကွာအဝေးကို ပစ်ခတ်နိုင်ပါတယ်။

အဲဒီလိုစမ်းသပ်ပစ်ခတ်ခဲ့အပြီး အိန္ဒိယရဲ့ဒုံးကျည်ဟာ ကမ္ဘာ့အင်အားအမြင့်မားဆုံး ဒုံးကျည် အဆင့်မီ ဖြစ်သွားပြီဖြစ်ကြောင်း အိန္ဒိယ အရာရှိတွေက ပြောဆိုခဲ့တာပါ။ အိန္ဒိယရဲ့ Agni-V အမျိုးအစား ဒုံးကျည်ဟာ အကွာအဝေး မိုင်ပေါင်း ၃ ထောင်ကျော်ကို ပစ်ခတ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ မဟာဗျူဟာရေးရာမှာ အလွန်အရေးပါတဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ကြောင်း နျူကလီယား ထိပ်ဖူး တပ်ဆင်ပြီး တရုတ်ပြည် ရှန်ဟိုင်းမြို့အထိ ပစ်လွှတ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။

အဲဒီလို အိန္ဒိယက ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့ပြီးတဲ့နောက် တရုတ်ကွန်မြူနစ် သတင်းစာဖြစ်တဲ့ The Global Times ကတော့ အိန္ဒိယနိုင်ငံ အနေနဲ့ အလုံးစုံ လက်နက်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုမှာ တရုတ်နိုင်ငံကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ရေးသားတုံ့ပြန်လိုက်ပါတယ်။

XS
SM
MD
LG