သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက မြေအောက်ရေ အရင်းအမြစ်သိုက်ကြီး တွေ့ရှိ

အာဖရိကတိုက်မှာ သောက်သုံးဖို့အတွက်ရော စိုက်ပျိုးရေးအတွက်ပါပေးဝေနိုင်တဲ့ အလွန် ကြီးမား တဲ့ မြေအောက် ရေအရင်းအမြစ်သိုက်ကြီးတခု ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီရေဟာ အာဖရိကတိုက်သားတွေ နှစ်စဉ် သုံးစွဲနေတဲ့ ရေအရင်းအမြစ်ထက်လည်း အဆတစ်ရာများသလို အာဖရိကတိုက်မှာရှိတဲ့ ရေကန်ကြီးတွေကရေတွေထက် အဆနှစ်ဆယ် များနေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီမြေအောက်ရေကို cထုတ်ယူသုံးစွဲနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ဗြိတိသျှ၊ ဘူမိဗေဒလေ့လာစုံစမ်းရေးဌာန BGS နဲ့ University College London တို့ ပူးတွဲတိုင်းတာပြီးတော့ ထုတ်ပြန်ခဲ့တဲ့ မြေပုံအရ အာဖရိကတိုက်မှာရှိတဲ့ လစ်ဗျား၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ ဆူဒန်နိုင်ငံတွေ အပါအဝင် ဒေသအတော်များများရဲ့အောက်မှာ မြေအောက် ရေကြောကြီးရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရေရှားပါးတဲ့ဒေသအဖြစ် သတ်မှတ်ထားတဲ့ အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့မြေအောက်မီတာ ရာ ဂဏန်းလောက်တောင် မရောက်ဘဲ များပြားလှတဲ့ရေတွေကို တူးယူလို့ ရမယ်မှန်း သိလာခဲ့ရတာပါ။ ဒီလောက်များတဲ့ ရေအရင်းအမြစ်ကနေ အာဖရိက မြေဆီလွှာ ပြုပြင်ဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံရေးတွေမှာ အထောက်အကူပေးနိုင်မယ်လို့ University College London က ဇလဗေဒပညာရှင် ရစ်ချတ် တေလာက ပြောပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ အခုလို တွေ့ရှိတဲ့ ရေအရင်းအမြစ်ကို လိုတာထက်ပိုပြီး ထုတ်ယူမှာကို စိုးရိမ်နေကြချိန်မှာပဲ အာဖရိကတိုက်ရဲ့ လူဦးရေတိုးနှုန်း မြင့်မားလာတာနဲ့အမျှ ရေလိုအပ်ချက်ကလည်း ပိုတိုးလာမယ်လို့ ခန့်မှန်းနေကြပါတယ်။

This item is part of
XS
SM
MD
LG