သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်သေဆုံးပြီး အမေရိကန်ပိုလုံခြုံ

အကြမ်းဖက် Al Qaida အဖွဲ့ကို အပြီးတိုင်ချေမှုန်းဖို့ နည်းလမ်းတခုတည်း ရှိတာမဟုတ်ပေမယ့် Al Qaida အဖွဲ့ခေါင်းဆောင် Osama Bin Laden ကို သုတ်သင်နိုင်လိုက်ခြင်းအားဖြင့် အဲဒီအဖွဲ့ကို အားအင်ချည့်နည့် သွားစေခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

Al Qaida အကြမ်းဖက်အဖွဲ့ရဲ့ စိတ်ဓာတ်ရေးရာနဲ့ အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်ပိုင်းကို ထိထိ ရောက်ရောက် ချေမှုန်းနိုင်တာနဲ့အမျှ အကြမ်းဖက်အဖွဲ့ရဲ့ အမေရိကန် ပြည်ထောင်စုအပေါ် ခြိမ်းခြောက်မှုအန္တရာယ်ကို ပိုပြီး လျော့ပါးအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က သောကြာနေ့နှောင်းပိုင်းက ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ်၊ မေလ နှစ်ရက်နေ့က ပါကစ္စတန် Abbottabad တပ်မြို့က ခြံဝန်းတခုထဲမှာ အမေရိကန် အထူး စစ်ဆင်ရေးတပ်ဖွဲ့က အကြမ်းဖက် ခေါင်းဆောင် Osama Bin Laden ကို သုတ်သင် ချေမှုန်းခဲ့ပြီးကတည်းက အမေရိကန်ပြည်ထောင်စု ပိုပြီး လုံခြုံမှုရှိလာတယ်လို့ ကာကွယ်ရေး ဝန်ကြီး Leon Panetta ကပြောပါတယ်။ လာမယ့်နှစ်တွေအတွင်း ဓာတုလက်နက်၊ ဇီဝလက်နက်၊ အဏုမြူနဲ့ ဓာတ်ရောင်ခြည် လက်နက်တွေ သုံးပြီး အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့အန္တရာယ်တွေ ပိုပြီး နည်းပါးလာပြီလို့ အမေရိကန်အမျိုးသားထောက်လှမ်းရေး အဖွဲ့ ညွန်ကြားရေးမှူး Robert Cardillo ကလည်း ပြောဆိုပါတယ်။

လက်ရှိ Al Qaida အကြမ်းဘက်အဖွဲ့ရဲ့ အဓိကကွန်ယက်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုအဆင့်လောက် အန္တရာယ်ကြီးတဲ့ တိုက်ခိုက်မှုမျိုးလုပ်နိုင်တဲ့ အခြေအနေရှိကောင်းမှရှိတော့မှာ ဖြစ်ပေမဲ့ အန္တရာယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တခု အဖြစ် ဆက်တည်ရှိနေတုန်းပဲလို့ အမည်မဖော်ပြတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေကပြောဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG