သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအခွင့်ရေးလှုပ်ရှားသူကိစ္စ ဝန်ကြီးကလင်တန် တရုတ်ကို သွားမည်


တရုတ်နိုင်ငံကို သွားရောက်ပြီး အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်မှာတော့ နေအိမ်အကျယ်ချုပ်ကနေ ထွက်ပြေး လွတ်မြောက်ပြီး အမေရိကန် ရဲ့ အကာအကွယ်အောက်မှာ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့ တရုတ် မျက်မမြင် လူ့အခွင့်အရေး လှုပ်ရှားသူရဲ့အရေးက လွှမ်းမိုးနေမယ့် အလားအလာ တွေ ရှိနေပါတယ်။

တနင်္လာနေ့နှောင်းပိုင်း ဝါရှင်တန်က ထွက်ခွာချိန်မှာတော့ တရုတ် တက်ကြွ လှုပ်ရှားသူ Chen Guangcheng ကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီး ကလင်တန် က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ လည်း တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေအတွင်း လူ့အခွင့်အရေး ကိစ္စ ဆွေးနွေးမှုတွေ ပါဝင်မယ်လို့တော့ ပြောဆိုခဲ့တာပါ။ တရုတ်မျက်မမြင် လှုပ်ရှားသူဟာ ဘေဂျင်းမြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးကို ထွက်ပြေးသွားတယ် လို့ သတင်းတွေ ထွက်နေတာကြောင့် ဘယ်မှာရှိမလဲဆိုပြီး တနင်္လာနေ့မှာ တုန်းကလည်း သတင်းထောက်တွေရဲ့ အမေးကို သမ္မတ ဘရက်ခ် အိုဘားမား က ဖြေကြား မသွားပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကတော့ တနင်္ဂနွေနေ့ကတည်းက ဘေဂျင်းမြို့တော်ကို ရောက်နေပြီး၊ ကြာသပတေးနေ့မှာ စတင်မယ့် မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ နှစ်စဉ် ဆွေးနွေးပွဲ မတိုင်မီ တက်ကြွ လှုပ်ရှားသူ Chen ကိစ္စကို တရုတ်အာဏာပိုင်တွေနဲ့ ပြောဆိုလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

XS
SM
MD
LG