သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ

အာဖဂန်နစ္စတန်နိုင်ငံကို ကြိုတင်မကြေညာဘဲ လျှို့ဝှက်ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)ဟာ ဒီကနေ့ မေလနှစ်ရက်၊ မကြာသေးခင် မြန်မာစံတော်ချိန် မနက်(၆) နာရီအချိန်မှာ ကဘူးလ် (Kabul) မြို့တော်မြောက်ဘက်က အမေရိကန်တို့ရဲ့ ဘာဂရမ်လေတပ်စခန်း (Bagram Air Base) ကနေ အာဖဂန်စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်လူထုကို တိုက်ရိုက် ရုပ်သံလွှင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီလထဲ အမေရိကန်ပြည်ထောင်စု၊ ရှီကာဂို (Chicago) မြို့မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ် (NATO) အဖွဲ့ရဲ့ ထိပ်သီးညီလာခံ ကျင်းပတဲ့အခါ နောက်နှစ်၂၀၁၃ ခုနှစ်မှာ အာဖဂန်တပ်ဖွဲ့တွေက အာဖဂန် နစ္စတန် နိုင်ငံတဝှမ်း ချေမှုန်းရေး၊ စစ်ဆင်ရေးတွေကို ဦးဆောင်ဆင်နွဲှနိုင်ရေး ရည်မှန်းချက်တစ်ရပ်ကို ချမှတ် သွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။ မနှစ်က ၂၀၁၁ ခုနှစ်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို အာဖဂန်နစ္စတန်ကနေ ပြန်လည် ရုပ်သိမ်းနိုင်ခဲ့ပြီးတော့ ဒီနှစ်မှာလည်း လာမယ့်နွေ ရာသီကုန်ဆုံးချိန်မှာ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၂၃၀,၀၀ ကိုလည်း ပြန်လည် ရုပ်သိမ်း မှာ ဖြစ်ကြောင်းနဲ့ အဲ့ဒီနောက် အမေရိကန်တပ်ဖွဲတွေကို အဆင့်လိုက် တဖြည်းဖြည်း ရုပ်သိမ်းသွားပြီးတော့ ၂၀၁၄ ခုနှစ်အကုန်မှာတော့ အာဖဂန်နစ္စတန်ရဲ့လုံခြုံရေးကို အာဖဂန်တပ်ဖွဲ့တွေကပဲ အပြည့်အ၀ တာဝန်ယူ သွားတော့မှာဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေက အာဖဂန်တပ်ဖွဲ့တွေကို ဆက်ပြီး စစ်ရေးလေ့ကျင့်ပေး သွားမှာ ဖြစ်ပြီးတော့ ဒီနှစ် ၂၀၁၂ ခုနှစ် အကုန်မှာ တပ်ဖွဲ့ဝင်၃၂၅,၀၀၀ အထိရှိလာမယ့် အာဖဂန်တပ် မတော်ကို လုံခြုံရေးတာဝန်တွေ စပြီး လွဲှပြောင်းပေးသွားမှာ ဖြစ်ကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ဘယ်လို အမေရိကန်စစ်စခန်းမှ ၂၀၁၄ ခုနှစ် နောက် ပိုင်းမှာ ထားရှိမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောသွားခဲ့ပါတယ်။

မနှစ်က ၂၀၁၁ မေလနှစ်ရက်နေ့မှာ အယ်လ်ကိုင်းဒါး (Al-Qaida) အကြမ်းဘက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အာဖဂန်နစ္စတန်ကို လျှို့ဝှက် ခရီးထွက်ခဲ့တာမှာ ဒီကနေ့ မေလနှစ်ရက် ဒေသစံတော်ချိန် အာရုဏ်မတက်ခင်မှာ ဘာဂရမ် လေတပ် စခန်းကို အရင် ဆိုက်ရောက်လာခဲ့တာပါ။

အဲ့ဒီနောက် သမ္မတ အိုဘားမားဟာ ကဘူး(လ်)မြို့တော်က အာဖဂန်သမ္မတအိမ်တော်မှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့ နှစ်နိုင်ငံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ အာဖဂန်နစ္စတန်မှာ တည်ငြိမ်မှုရရှိရေးနဲ့ ဒေသ တွင်းက အစွန်းရောက် အကြမ်းဘက်အဖွဲ့တွေကို အပြီးအပိုင်ချေမှူန်းရေး မဟာဗျူဟာစီမံချက် အကြီးစားထဲက တစိပ်တပိုင်းဖြစ်တယ်လို့ အမေရိကန်အရာရှိကြီးတွေက ဗီအိုအေကိုပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG